close

ရုရှားနိုင်ငံသားများကို ဗီဇာထုတ်ပေးမှု ရပ်ဆိုင်းမည်ဟု အက်စ်တိုးနီးယားနိုင်ငံပြော

ရုရှားနိုင်ငံသားတွေ အက်စတိုးနီးယားအာဏာပိုင်တွေ ထုတ်ပေးထားတဲ့ ဗီဇာတွေနဲ့ နိုင်ငံထဲ ဝင်ရောက်တာကို သြဂုတ်လ ၁၈ ရက်က စတင် တားဆီးသွားမှာဖြစ်ကြောင်း  အက်စ်တိုးနီးယား နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

နိုင်ငံကူးလက်မှတ် ကင်းလွတ်တဲ့ ဥရောပရဲ့ ရှန်ဂန်ဇုန်ထဲကို ဝင်ရောက်လို့ရတဲ့ နာမည်ကျော်လမ်းကြောင်းကိုလည်း ဖြတ်တောက်လိုက်ကြောင်းလည်း ပြောပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာကိစ္စတွေနဲ့ မိသားစုဆိုင်ရာကိစ္စရပ်တချို့က လွဲလို့ တရားဝင် ထုတ်ပေးထားတဲ့ ရှန်ဂန်ဗီဇာအားလုံးကို ပိတ်ဆို့တော့မှာဖြစ်ကြောင်း အက်စ်တိုးနီးယား နိုင်ငံခြားရေးဝန်ကြီး အာမတ်စ်ရိန်းဆလုက ပြောပါတယ်။

လတ်ဗီးယား၊ လစ်သူယေးနီးယားနဲ့ ချက်သမ္မတနိုင်ငံတို့ဟာ ရုရှားနိုင်ငံသား အများစုကို ဗီဇာထုတ်ပေးတာကို ရပ်တန့်ထားပြီး ဖင်လန်နဲ့ အက်စ်တိုးနီးယားတို့ဟာ မကြာသေးခင်ကပဲ အဲဒီလို လုပ်ဆောင်ဖို့ အီးယူကို တောင်းဆိုခဲ့ပါတယ်။

//
Up