နည်းပြတန်ဟတ်ဂ်၏ ကစားကွက်တွင် စီရော်နယ်ဒိုအဆင်မပြေနိုင်ဟု ဒါရင်းဘန့်သုံးသပ်

မန်ယူနည်းပြတန်ဟတ်ဂ်ရဲ့ ကစားကွက်မှာ တိုက်စစ်မှူး စီရော်နယ်ဒိုအနေနဲ့ အဆင်ပြေမှာမဟုတ် ကြောင်း တိုက်စစ်မှူးဟောင်း ဒါရင်းဘန့်ကပြောပါတယ်။
အသက် ၃၇ နှစ်ရှိ ရော်နယ်ဒိုဟာ လီဗာပူးကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ပွဲပြီးခါနီးမှ လူစားဝင်ကစားခဲ့ရတာပါ။
နည်းပြတန်ဟတ်ဂ်ဟာ ကစားသမားတိုင်းကို အားအင်အပြည့်နဲ့ကစားပြီး ဘောလုံးလုယူနိုင်ဖို့ အမြဲတမ်းဖိအားပေးတဲ့ နည်းစနစ်အသုံးပြုတာကြောင့် ရော်နယ်ဒိုနဲ့ အဆင်မပြေနိုင်ကြောင်း ဒါရင်းဘန့်ကသုံးသပ်ပါတယ်။
ရော်နယ်ဒိုဟာ အခမ်းနားဆုံးကစားသမားဖြစ်ပေမယ့် အီလန်ဂါနဲ့ ရက်ရှ်ဖို့ဒ်တို့ရဲ့ ကစားအားအတိုင်း လိုက်ကစားနိုင်မှာမဟုတ်ကြောင်း ဒါရင်းဘန့်က TalkSport အစီအစဉ်မှာသုံးသပ်ခဲ့တာပါ။
ဒါ့အပြင် ဂျေဒန်ဆန်ချိုနဲ့ မာစီရယ်တို့လည်းရှိနေတာကြောင့် ရော်နယ်ဒိုအနေနဲ့ ပွဲထွက်ကစားခွင့်ရဖို့ခက်ခဲနိုင်ကြောင်း ဒါရင်းဘန့်က သုံးသပ်သွားပါတယ်။