close

အင်းယားကန်တွင်း အမျိုးသား ၁ ဦး ခုန်ချသေဆုံး

ရန်ကုန်၊ ကမာရွတ်မြို့နယ်၊ အင်းယားကန်မှာ ဩဂုတ် ၂၉ ရက် နေ့လယ် ၂ နာရီကျော်လောက်က အမျိုးသား တယောက် ခုန်ချ သေဆုံးသွားတယ်လို့ မီးသတ်တပ်ဖွဲ့က သတင်းထုတ်ပါတယ်။

အင်းယားကန်ထဲ လူတယောက်ခုန်ချတဲ့ သတင်းရလို့ ကမာရွတ်မြို့နယ်မီးသတ်စခန်း တပ်ဖွဲ့ဝင်တွေက ကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ခဲ့ရာမှာ ညနေ ၄ နာရီခွဲလောက်မှာ  အမျိုးသား ၁ ယောက်ရဲ့ ရုပ်အလောင်းကိုရှာဖွေတွေ့ရှိလို့ မြောက်ဥက္ကလာပ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။

အင်းယာကန်ထဲ ခုန်ချခဲ့သူဟာ ဘယ်သူဘယ်ဝါဆိုတာနဲ့ ဘာကြောင့် ခုန်ချတယ်ဆိုတာကိုတော့ အသေးစိတ် မသိရသေးပါဘူး။ 

Photo- MFSD

https://www.facebook.com/fsd.gov.mm/photos/pcb.3515564168583631/3515603705246344

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up