close

မိုင်းပေါက်ကွဲပြီးနောက် အင်းတော်မြို့တွင် စစ်တပ်က နေအိမ်များကို စစ်ဆေး

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်မှာ မိုင်းပေါက်ကွဲပြီးနောက်   စက်တင်ဘာ ၃ ရက်မနက်ပိုင်းက စတင်ကာ  စစ်ကောင်စီတပ်က  နေအိမ်တချို့ကို  တအိမ်တက်ဆင်း လိုက်လံ စစ်ဆေးနေပါတယ်။

အင်းတော်မြို့မ ရဲစခန်းနဲ့ အင်းတော်အခြေခံပညာအထက်တန်းကျောင်းမှာ စက်တင်ဘာ ၂ ရက် ညပိုင်းက ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး ဒီပေါက်ကွဲမှုနဲ့ ပတ်သက်လို့ မသင်္ကာတဲ့ အိမ်တွေကို စစ်ကောင်စီတပ်က လိုက်လံ စစ်ဆေးနေတာလို့ ဒေသခံတွေကပြောပါတယ်။

အင်းတော်ဒေသခံအမျိုးသားတစ်ဦးက "မနေ့ည ၉ နာရီလေါက်က အင်းတော် အထက်တန်းကျောင်းထဲမှာတစ်လုံး၊ ရဲစခန်းမှာ နှစ်လုံး ရှေ့ဆင့်နောက်ဆင့် ဗုံးပေါက်တယ်။ ဘယ်သူကမိုင်းခွဲလဲတော့မသိရဘူး။ ဒီမနက် သူတို့မသင်္ကာတဲ့ အိမ်အတော်များများ တအိမ်တက်ဆင်းလိုက်စစ်နေတယ်။ ပြည်သူတွေ အဖမ်းခံရတယ်လို့တော့ မကြားမိသေးဘူး  "လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မသင်္ကာတဲ့အိမ်တွေကို တစ်အိမ်တက်ဆင်း လိုက်လံစစ်ဆေးတဲ့အပြင် လမ်းဆုံ မီးပွိုင့်တွေအနီးမှာလည်း သေနတ်ပစ်ဖေါက်ကာ ဆိုင်ကယ်နဲ့ ကားတွေကို စစ်ဆေးနေပါတယ်။

အင်းတော်မြို့နယ် အလယ်ဆိပ်ကျေးရွာမှာ ဇူလိုင်လပိုင်းက စစ်ကောင်စီတပ် ဝင်ရောက်လာကာ NLD နဲ့ PDF ထောက်ခံတဲ့ နေအိမ်တွေလို့ စွပ်စွဲပြီး တအိမ်တက်ဆင်း ဝင်ရောက်ဖျက်ဆီးခဲ့ကာ ဆိုင်ကယ်သုံးစီးကိုလည်း မီးရှို့ဖျက်ဆီးခဲ့လို့ ဒေသခံပြည်သူတွေ  ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up