close

မြင်းမူမြို့ အ.ထ.က (၁) တွင် စခန်းချထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ အ.ထ.က (၁) ကျောင်းမှာ စခန်းချထားတဲ့ စစ်ကောင်စီတပ်သားတွေကို စက်တင်ဘာ ၆ ရက် ည ၈ နာရီကျော်က လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD) က ထုတ်ပြန်ပါတယ်။

အထက(၁)ကျောင်းအတွင်းက စစ်ကောင်စီတပ်သား အယောက် ၂၀ လောက်ကို ၄၀-မမ လက်နက်နဲ့ အုပ်စုကြားထဲကို ပစ်ခတ်ခဲ့ပြီး အထူးပြုလုပ်ထားတဲ့ မိုင်းဘီလူးနဲ့လည်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မြင်းမူမြို့ရှောင်လမ်းမှာလည်း အာရုံလွှဲတိုက်ခိုက်မှုပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား အသေအပျောက်များနိုင်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့(PAFD)က “Ddayကြေညာခဲ့တဲ့နေ့ တနှစ်ပြည့်ကို ဂုဏ်ပြုတဲ့အနေနဲ့ မဟာမိတ်အဖွဲ့အစည်းတွေက အခက်အခဲမျိုးစုံကြားကနေ တော်လှန်ရေးကို အဆုံးသတ်နိုင်ပွဲဆင်နိုင်တဲ့ အထိ ဆောင်ရွက်သွားမယ်။” လို့ ဆိုပါတယ်။

တိုက်ခိုက်မှုမှာ People's Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD).တပ်ခွဲDK PDF(MMU) ၊ People Knight Defence Foce Myinmu(PKDF MMU) ၊ TAUNGTHA(TTA PDF).D.B.B.F MMUမဟာမိတ်အဖွဲ့တို့ပါဝင်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်ခဲ့ပေမယ့် တော်လှန်ရေးရဲဘော်တွေ အထိအခိုက်မရှိခဲ့ဖူးလို့လည်း သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up