ရေကြီးမှုဒဏ်ခံခဲ့ရသည့် အိန္ဒိယ ဘန်ဂါလူရူမြို့နေလူထု ဘေးလွတ်ရာ ရွှေ့ပြောင်း

အိန္ဒိယနိုင်ငံရဲ့ နည်းပညာအချက်အချာကျတဲ့ ဘန်ဂါလူရူမြို့တော်မှာ ရေကြီးရေလျှံမှုဒဏ်ကနေ ခဏတာသက်သာခဲ့ပြီးနောက် စက်တင်ဘာ ၇ ရက်မှာ အာဏာပိုင်တွေက လူတွေကို ဘေးလွတ်ရာ ရွှေ့ပြောင်းကြဖို့နဲ့ ရေနစ်မြုပ်နေတဲ့နေရာတွေက ရေတွေကို စုပ်ထုတ်ပစ်ဖို့ အရှိန်မြှင့် လုပ်ဆောင်နေပါတယ်။
အိန္ဒိယရဲ့ ဆီလီကွန်တောင်ကြားဟာ ဇွန် ၁ ရက်ကစပြီး ပျမ်းမျှမိုးရေချိန် ၁၆၂ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ပုံမှန်မဟုတ်တဲ့ စိုစိုစွတ်စွတ် မုတ်သုံရာသီကို ရင်ဆိုင်နေရတာပါ။
အခုရက်သတ္တပတ်အတွင်း ၂ ရက်ကြာလောက် မိုးအဆက်မပြတ်ရွာသွန်းပြီး ရေကြီးမှုတွေကြောင့် အနည်းဆုံး လူတယောက် သေဆုံးခဲ့ပါတယ်။
ဗုဒ္ဓဟူးနေ့ အစောပိုင်းက အဆိုးရွားဆုံး ထိခိုက်ခဲ့တဲ့နေရာတွေက ရေကြီးနေတဲ့လမ်းတွေ ရှင်းလင်းနေချိန်မှာ အာဏာပိုင်တွေက အနီရောင်သတိပေးချက် ထုတ်ပြန်ထားတာကြောင့် ရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာနိုင်ပြီးတော့ အခြေအနေက ပိုဆိုးရွားလာဖွယ် ရှိပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကမောက်ကမဖြစ်မှုတွေဟာ ဒီနှစ်တွေမှာ တိုးတက်မှုမြန်ဆန်တဲ့မြို့မှာ မြို့ပြစီမံကိန်းညံ့ဖျင်းတာနဲ့ ရာသီဥတုဖောက်ပြန်မှုအပေါ် မေးခွန်းတွေ ထုတ်နေကြပါတယ်။