ဟေတီတွင် ကုန်ဈေးနှုန်းမြင့်တက်နေသည့်အပေါ် ပြည်သူများ ဆန္ဒပြ

ကာရေဘီယံဒေသက ဟေတီနိုင်ငံမှာ ရာနဲ့ချီတဲ့ နိုင်ငံသားတွေဟာ မြို့တော် ပို့ထ်အူပရင့်စ်ရဲ့ လမ်းတွေပေါ်မှာ စက်တင်ဘာ ၇ ရက်က ချီတက်ရင်း ရာဇဝတ်မှုတွေ ကြီးထွားလာပြီး စားသုံးသူတွေအတွက် ဈေးနှုန်းတွေ မြင့်တက်လာတာကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
ဆက်လက်ဖြစ်ပွားနေတဲ့ ရာဇဝတ်မှု လှိုင်းလုံးကြီးကို ကိုင်တွယ်ဖြေရှင်းတာ ပိုလုပ်ဖို့ ဆန္ဒပြသူတွေက ဝန်ကြီးချုပ် အေရီရယ်ဟင်နရီ အစိုးရကို တောင်းဆိုပြီး လမ်းတွေအလယ်မှာ ကားတာယာတွေကို မီးရှို့ခဲ့ကြပါတယ်။
ပြန်ပေးဆွဲမှု၊ သတ်ဖြတ်မှု၊ မုဒိမ်းမှုတို့ကို ဆန့်ကျင်တဲ့အနေနဲ့ ဆန္ဒပြသူတွေက ချီတက်ဆန္ဒပြခဲ့ကြပြီး အပြစ်ပေးမခံရတာတွေ နေ့စဉ်နှင့်အမျှ ဆက်ရှိနေတယ်လို့ ပြောပါတယ်။
လူနေမှုစရိတ်ကြီးမြင့်ပြီး လောင်စာဆီဈေးနှုန်းတွေ မြင့်တက်လာတာကိုလည်း ဆန္ဒပြသူတွေက ရှုတ်ချခဲ့ကြပါတယ်။