close

ကလေးမြို့နယ်တွင် မူးယစ်ဆေးဝါးရောင်းချသူ ၁ ဦးကို PDF အဖွဲ့ဖမ်းဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ခုံသာကျေးရွာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကျေးရွာ နယ်‌မြေအတွင်း တရားဉပဒေစိုးမိုးရေးလုပ်ငန်းတွေ ဆောင်ရွက်နေစဉ် စက်တင်ဘာ ၁၃ ရက် ညနေပိုင်းက မူးယစ်ဆေးဝါးရောင်းချသူတယောက်ကို သက်သေခံပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးခံရသူထံမှ ခေါင်းလိမ်းဆီဘူးခွံထဲ ထည့်ထားတဲ့ မူးယစ်ဆေးဝါး ၁ ဂရမ်ခန့်၊ ဟွာဝေး အမျိုးအစား ရွှေအိုရောင်ဖုန်းတလုံး၊ ငွေကျပ် ၈၁,၅၀၀ ကျပ်၊ မူးယစ်ဆေးဝါး သုံးစွဲရာမှာ အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ဆိုပါတယ်။

ဩဂုတ် ၃၀ ရက်ကလည်း အဆိုပါ ခုံသာကျေးရွာက မူးယစ်ဆေးဝါးရောင်းချသူ ၃ ယောက်ကို ဆက်စပ်ပစ္စည်းတွေနဲ့အတူ ခုံသာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့ပါသေးတယ်။

လက်ရှိမှာ ဖမ်းဆီးခံရသူတွေကို ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့ထံ လွှဲပြောင်းခဲ့ပြီး ကလေးပြည်သူ့ရဲတပ်ဖွဲ့ကလည်း ကလေးမြို့နယ် တရားရေးအဖွဲ့ကို ဉပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တရားစွဲတင်ပို့နိုင်ရေးအတွက် ဆောင်ရွက်ထားရှိတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up