close

ယူကရိန်းကို လက်နက်ထောက်ပံ့မှု ကျင့်ဝတ်အရ တရားဝင်ဟု ပုပ်ရဟန်းမင်းကြီးပြော

ရုရှားရဲ့ရန်လိုမှုကနေ ကာကွယ်ဖို့အတွက် ယူကရိန်းနိုင်ငံကို လက်နက်တွေ ထောက်ပံ့ပေးခြင်းဟာ နိုင်ငံတွေအတွက် ကျင့်ဝတ်အရ တရားဝင်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စက်တင်ဘာ ၁၅ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၄ ရက်က ရုရှားကျူးကျော်ခဲ့တဲ့ ယူကရိန်းစစ်ပွဲဟာ ကမ္ဘာတဝန်းမှ ဘာသာရေးခေါင်းဆောင်များ ကွန်ဂရက် ကျင်းပခဲ့တဲ့ ကာဇက်စတန်နိုင်ငံကို ပုပ်ရဟန်းမင်းကြီး တက်ရောက်ခဲ့တဲ့ နောက်ခံအကြောင်းအရာ ဖြစ်ခဲ့ပါတယ်။

ကာဇက်စတန်နိုင်ငံကနေ ပြန်လာတဲ့ လေယာဉ်ပေါ်မှာ သတင်းထောက်တယောက်က ယူကရိန်းနိုင်ငံကို လက်နက်တွေ ပေးပို့တာဟာ ကျင့်ဝတ်အရ မှန်ကန်မှုရှိမရှိ မေးမြန်းခဲ့တာကို ပုပ်ရဟန်းမင်းကြီးက ရိုမန်ကက်သလစ်ချာ့ခ်ျရဲ့ “Just War” ရန်လိုတဲ့နိုင်ငံကို တိုက်ခိုက်ဖို့ မိမိကိုယ်ကို ခုခံကာကွယ်ဖို့ရာ သေစေနိုင်တဲ့ လက်နက်တွေကို သင့်တော်သလို အသုံးပြုခွင့် ပြုတဲ့ တရားသောစစ်ရဲ့ အခြေခံမူတွေကို ဟောကြားခဲ့ပါတယ်။

တခြားနိုင်ငံကို လက်နက်တွေ ထောက်ပံ့တာဟာ အကျင့်ကောင်းမွန်မှု သို့မဟုတ် အကျင့်ပျက်မှုဖြစ်ကြောင်း ခြားနားချက်ကိုလည်း ရှင်းပြမိန့်ကြားသွားပါတယ်။

“စစ်ပွဲကို ပိုပြီးလှုံ့ဆော်တာမျိုး၊ လက်နက်တွေရောင်းချတာ၊ နိုင်ငံမှာ မလိုအပ်တော့တဲ့ လက်နက်တွေကို စွန့်ပစ်တာမျိုးတွေက အကျင့်ပျက်တာဖြစ်နိုင်ပြီး ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာကတော့ တားမြစ်စရာကိစ္စမဟုတ်ဘဲ ကိုယ့်နိုင်ငံအပေါ် ချစ်တဲ့စိတ်ကို ဖော်ပြမှုတခုလည်း ဖြစ်တယ်” လို့ မိန့်ကြားပါတယ်။

ယူကရိန်းက ကျူးကျော်တဲ့နိုင်ငံနဲ့ ညှိနှိုင်းသင့်မသင့် မေးခွန်းတွေအတွက် သတင်းထောက်တွေကို ပြောကြားရာမှာ ပုပ် ဖရန်စစ်က ညှိနှိုင်းရေးဟာ ယူကရိန်းဘက်ခြမ်းအတွက် ခက်ခဲမှာဖြစ်တာကြောင့် ဒါဟာ မနှစ်မြို့စရာ ဖြစ်နေရင်တောင်မှ နောက်ဆုံး တွေ့ဆုံဆွေးနွေးရေးကို လမ်းဖွင့်ပေးဖို့ ကိယက်ဗ်ကို ၄၅ မိနစ်ကြာ လေကြောင်းခရီး သတင်းစာရှင်းလင်းပွဲမှာ တိုက်တွန်းထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up