close

သံအမတ်ကြီးဦးကျော်မိုးထွန်းကို အမြဲတမ်းကိုယ်စားလှယ်အဖြစ် ဆက်ခန့်ထားရန် နယူးယောက်တွင် ဆန္ဒပြ (ဓာတ်ပုံ)

သံအမတ်ကြီးဦးကျော်မိုးထွန်းကို ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်တည်ရှိရေးအတွက် ထောက်ခံဆန္ဒပြတဲ့ လှုပ်ရှားမှုကို ကုလသမဂ္ဂရုံးစိုက်ရာ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ စက်တင်ဘာ ၁၇ ရက်က ကျင်းပခဲ့ပါတယ်။

ထောက်ခံဆန္ဒပြပွဲကို  Flatiron Public Plaza ကနေ ကုလသမဂ္ဂ ရုံးချုပ်အထိ ချီတက်ဆန္ဒထုတ်ဖော်ကြခဲ့ကြပြီး သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုယ်တိုင် ပါဝင်ခဲ့ပါတယ်။

ပြည်နယ်ပေါင်းစုံလူထုချီတက်ပွဲကြီးကို နယူးယောက်မြို့ရှိ NYCBC အဖွဲ့ကဦးစီးကျင်းပခဲ့ပြီး နယူးယောက်၊ ဝါရှင်တန်ဒီစီ၊ မေရီလန်း၊ ဗာဂျီးနီးယား၊ ကိုရိုလိုင်းနားမြောက်ပိုင်း၊ တက္ကဆက်၊ ဖလော်ရီဒါ၊ ဆန်ဖရန်စ္စကို၊ ကယ်လီဖိုးနီးယား၊ ဖို့ဒ်ဝန်း၊ ဘတ်ဖဲလိုးနဲ့ ဂျောဂျီယာစတဲ့   ဒေသပေါင်းစုံနေ မြန်မာပြည်ဖွား တိုင်းရင်းသား ထောင်နဲ့ချီ ပူးပေါင်းပါ၀င်ခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကုလသမဂ္ဂမှာ ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံရဲ့ အမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဆက်လက်ထားရှိခဲ့ပေမယ့် အာဏာသိမ်း စစ်ကောင်စီဟာ ဒီနေရာကို ရယူနိုင်ဖို့ ကြိုးစားနေပါတယ်။

ဒါကြောင့်နှစ်စဉ် စက်တင်ဘာလထဲ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြုလုပ်လေ့ရှိတဲ့ UN Credentials Committee ခေါ် နိုင်ငံတွေရဲ့ကိုယ်စား လှယ်အသိအမှတ်ပြုရမယ့် စိစစ်ရေးကော်မတီ ဖွဲ့စည်းဆုံးဖြတ်ချိန်မှာ သံတမန်ရေးရာတိုက်ပွဲတွေနဲ့အတူ ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ ပြည်တွင်းပြည်ပလှုပ်ရှားမှုတွေလည်း ပြင်းထန်လာနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up