ဘယ်လ်ဂျီယံတွင် တိုက်ခိုက်ရန် စီစဉ်နေသူများကို ရဲတပ်ဖွဲ့ စီးနင်း၊ ၁ ဦးသေဆုံး

ဘယ်လ်ဂျီယံနိုင်ငံမှာ စက်တင်ဘာ ၂၈ ရက်က လက်နက်တွေ တရားမဝင်ပိုင်ဆိုင်ပြီး တိုက်ခိုက်ဖို့ စီစဉ်နေတယ်လို့ သံသယရှိတဲ့ လက်ယာစွန်းလူတွေကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းချိန်မှာ တိုက်ပွဲဖြစ်လို့ အမျိုးသားတယောက် သေဆုံးခဲ့ပါတယ်။
ရဲတပ်ဖွဲ့က မြောက်ပိုင်းဆိပ်ကမ်းမြို့ အန်းသွက်ထ်မှာရှိတဲ့ လိပ်စာ ၁၀ ခုလောက်ကို စီးနင်းရှာဖွေခဲ့တယ်လို့ ပြည်ထောင်စုအစိုးရရှေ့နေတွေက ပြောပါတယ်။ အပြန်အလှန် ပစ်ခတ်မှု တကြိမ်ဖြစ်ခဲ့ပြီး အမျိုးသားတယောက် သေဆုံးခဲ့တာပါ။
စုံစမ်းစစ်ဆေးသူတွေက သေနတ်နဲ့ ခဲယမ်းမီးကျောက် အများအပြားကို ရှာတွေ့ခဲ့တယ်လို့ ပြည်ထောင်စုအစိုးရရှေ့နေတွေရဲ့ ပြောခွင့်ရက ဆိုပါတယ်။
လူဘယ်လောက်ကို ဖမ်းဆီးထိန်းသိမ်းထားတယ်၊ ဒါမှမဟုတ် တိုက်ခိုက်ဖို့ အစီအမံနဲ့ ပတ်သက်ပြီး အသေးစိတ် အချက်အလက်တွေ ပြောဖို့ကိုတော့ သူက ငြင်းခဲ့ပါတယ်။