close

မြင်းမူမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ် ဝမ်းပြည့်ကျေးရွာ နဲ့ အလ္လကပ္ပကျေးရွာကြားမှာ အောက်တိုဘာ ၂ ရက် မွန်းတည့် ၁၂ နာရီဝန်းကျင်က စစ်ကောင်စီအရာရှိ ယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်ကား အသေး ၃ စီးနဲ့ စစ်ကားအကြီး ၂ စီးပါတဲ့ ယာဉ်တန်းဟာ စစ်ကိုင်းတပ်မ ၃၃ ကနေ မုံရွာဘက်ကို ထွက်လာတာလို့ သိရပါတယ်။

“တပ်မ ၃၃ ကနေ ထွက်လာတဲ့ ယာဉ်တန်းကို တိုက်တာ။ ကားသေး သုံးစီးကို ကားကြီးနှစ်စီးက ရှေ့နောက်ရံလာတာ။ သေတာ ငါးယောက်လို့တော့ သတင်းရတယ်။ ထိခိုက်ဒဏ်ရာလည်း ရတာတွေ ရှိတယ်” လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) တာဝန်ခံက ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်မှုကို People's Army To Fight Dictatorship(PAFD).တပ်ခွဲDK PDF(MMU)၊ People's knight Defense Force Myinmu (PKDF-MMU) ၊ TAUNGTHA People Defense Force (TTAPDF) ၊ D.B.B.F-MMU မဟာမိတ်အဖွဲ့များက လုပ်ဆောင်ခဲ့တာလို့ သိရပါတယ်။

စစ်ကောင်စီယာဉ်တန်းကို ပဒေသာမိုင်း ၆ လုံးနဲ့ ကနဦး တိုက်ခိုက်ခဲ့ပြီး ကားပေါ်ပါ စစ်ကောင်စီတပ်သားတွေက ပြန်လည်ပစ်တာကြောင့် နောက်ထပ်ရှေ့ထွတ်မိုင်း လေးလုံးထပ်မံခွဲကာ တိုက်ခိုက်ခဲ့တယ်လို့ အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့ (PAFD) က ထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up