close

အိုဒီဂတ်ဒ်ကို ဒေါ့မွန်မှာကတည်းက ခေါ်ယူလိုခဲ့ကြောင်း လီဗာပူးနည်းပြ ကလော့ပ်ပြော

အာဆင်နယ်အသင်းခေါင်းဆောင် အိုဒီဂတ်ဒ်ကို ဒေါ့မွန်အသင်းမှာ နည်းပြလုပ်စဉ်ကတည်းက ခေါ်ယူချင်ခဲ့ကြောင်း လီဗာပူးနည်းပြ ကလော့ပ်က ပြောပါတယ်။

လာမယ့် တနင်္ဂနွေနေ့မှာ အာဆင်နယ်နဲ့ ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ် မတိုင်ခင်မှာ အိုဒီဂတ်ဒ်နဲ့ ပတ်သက်ပြီး ကလော့ပ်က ချီးကျူးစကား ဆိုခဲ့တာပါ။

“ကျနော်ဟာ မာတင်အိုဒီဂတ်ဒ်ရဲ့ခြေစွမ်းကို အမြဲတမ်း သဘောကျခဲ့တာပါ။ သူ့အသက် ၁၅ နှစ်လောက်ကတည်းက သူ့ဖခင်နဲ့အတူ ကျနော်တို့ ဆွေးနွေးမှုတွေ အများကြီးလုပ်ခဲ့ဖူးတယ်။ ဒီအချိန်မှာ ကျနော်တို့မျှော်လင့်ခဲ့သလို ကစားသမား ဖြစ်လာတဲ့အပေါ် ကျနော် ပျော်ရွှင်ကျေနပ်ရပါတယ်။ သူဟာ ခြေစွမ်းကောင်းမွန်နေတဲ့ အာဆင်နယ်အသင်းမှာ အရေးပါတဲ့ အခန်းကဏ္ဍတခု ဖြစ်နေပါပြီ” လို့ နည်းပြကလော့ပ်က ပြောပါတယ်။

နော်ဝေကွင်းလယ်လူ အိုဒီဂတ်ဒ်ဟာ သူ့အသက် ၁၆ နှစ်အရွယ်ကတည်းက ထိပ်တန်းကလပ်တွေရဲ့ စိတ်ဝင်စားမှု ခံခဲ့ရပြီး ရီးရဲလ်မက်ဒရစ်က ခေါ်ယူ စာချုပ်ခဲ့တာပါ။ အဲဒီအချိန်ကတည်းက အိုဒီဂတ်ဒ်ရဲ့ ကစားပုံကို ကြိုက်နှစ်သက်တာကြောင့် ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပေမဲ့  ရီးရဲလ်မက်ဒရစ်အသင်းကို ပြောင်းရွှေ့ဖို့ ရွေးချယ်သွားခဲ့ကြောင်း နည်းပြ ကလော့ပ်က ပြန်လည်ပြောပြခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up