ကိုဗစ်-၁၉ စည်းမျဉ်းများ ဖြေလျှော့လိုက်သည့် ထိုင်ဝမ်သို့ ကမ္ဘာလှည့်ခရီးသည်များ ရောက်ရှိ

ထိုင်းနိုင်ငံကလာတဲ့ ကမ္ဘာလှည့်ခရီးသည် ဒါဇင်ပေါင်းများစွာဟာ ထိုင်ဝမ်ဆီ ပထမဆုံးအကြိမ် အဖြစ် အောက်တိုဘာ ၁၂ ရက် ညသန်းခေါင်ကျော်မှာ ရောက်လာပြီး ခရီးသည်တွေ လေယာဉ်ပေါ်ကနေ ဆင်းလာချိန်မှာ တာဝန်ရှိသူတွေက ဝက်ဝံရုပ်တွေနဲ့ ကြိုဆိုခဲ့ကြပါတယ်။
ထိုင်ဝမ်ဟာ ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ရောဂါခြေချုပ်နဲ့ မဖြစ်မနေ နေရမယ့် စည်းမျဉ်းတွေကို ကြာသပတေးနေ့မှာ နောက်ဆုံးထား ရုပ်သိမ်းမယ်လို့ အရင်လက ကြေညာခဲ့တာပါ။
အဲဒီနောက် အာရှရဲ့ ကျန်နေသေးတဲ့ အစိတ်အပိုင်းကြီးတွေကနေ လာတဲ့သူတွေအတွက် ရောဂါခြေချုပ်နဲ့ ပြည်ဝင်ခွင့် စည်းမျဉ်းတချို့ကို ဆက်ထားပြီး ကျန်တဲ့စည်းမျဉ်းတွေကို လုံးဝ ဖယ်ရှားလိုက်ပါတယ်။
မရုပ်သိမ်းဘဲ ကျန်နေတဲ့ စည်းမျဉ်းတချို့ထဲမှာ ခရီးသည်တွေ ထိုင်ဝမ်ကို ရောက်ရောက်ချင်း ချက်ချင်းဆေးစစ်ဖို့နဲ့ ရောက်အပြီး ၇ ရက်အတွင်း သူတို့ကျန်းမာရေးကို စောင့်ကြည့်ဖို့ လိုအပ်ချက်လည်း ပါပါတယ်။
ကိုဗစ်-၁၉ ကပ်ဘေးမတိုင်ခင်က ထိုင်ဝမ်ဟာ လူကြိုက်များတဲ့ ကမ္ဘာလှည့်ခရီးစဉ် ပန်းတိုင်နေရာတခုပါ။
ဂျပန်၊ တောင်ကိုရိးယားနဲ့ အရှေ့တောင်အာရှက ခရီးသည် အများစုကို ထိုင်ဝမ်ကျွန်းက အစားအသောက်တွေနဲ့ သဘာဝ အလှတရားတွေက ဆွဲဆောင်ထားပါတယ်။