close

ကျောက်တော်တွင် စစ်တပ်ထောင်ထားသည့်မိုင်း ပေါက်ကွဲပြီး အမျိုးသမီး ၁ ဦး ဒဏ်ရာရ

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် စခက ၉ တပ်ခြံစည်းရိုးနားမှာ အောက်တိုဘာ ၁၃ ရက် ညနေ ၆ နာရီလောက်က စစ်ကောင်စီတပ် ထောင်ထားတဲ့မိုင်း ပေါက်ကွဲပြီး မွတ်ဆလင်အမျိုးသမီးတယောက် မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ကျောက်တော်မြို့နယ် ဒေသခံတယောက်က ဒီဗွီဘီကို ပြောပါတယ်။

မိုင်းစထိမှန် ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီးဟာ ပလောင်ကျေးရွာက အသက် ၃၇ နှစ်အရွယ် မပူဆိုဘာနီ ဖြစ်ပြီး ရင်ညွန့်ကို မိုင်းစထိမှန် ဒဏ်ရာရခဲ့လို့ ကျောက်တော်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပြီး ဆေးဝါးကုသမှု ခံယူနေရပါတယ်။

“စစ်ကောင်စီတပ်က သူတို့တပ်ရင်းတွေရဲ့ ခြံစည်းရိုးအစပ်တွေမှာ မိုင်းတွေ ထောင်ထားကြတာဗျ။ ရက္ခိုင့်တပ်တော်ကလည်း စစ်တပ်နဲ့ နီးစပ်တဲ့နေရာတွေ၊ သူတို့ စခန်းချခဲ့တဲ့ နေရာတွေကို မသွားကြဖို့ သတိပေးထားတယ်။”လို့ ဒေသခံကပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့ တိုက်ပွဲကာလ အတွင်းမှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မြေမြှုပ်မိုင်းပေါက်ကွဲပြီး ဒေသခံပြည်သူ ၇၁ ယောက် သေဆုံးကာ ၁၄၆ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ စက်တင်ဘာ ၁၉ ရက်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ရက္ခိုင့်တပ်တော် (အေအေ) ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up