close

အသင်းပြောင်းရန် ငြင်းခဲ့သဖြင့် ဖိအားပေးခံရဟု ဘာကာကွင်းလယ်လူ ဒီယောင် ဝန်ခံ

အသင်းပြောင်းဖို့ ငြင်းဆန်ခဲ့လို့ ဖိအားပေးခံရမယ်ဆိုတာ ကြိုတင်သိရှိပြီးသားဖြစ်ကြောင်း ဘာစီလိုနာကွင်းလယ်လူ ဖရန့်ကီဒီယောင်က ပြောပါတယ်။

ဘာစီလိုနာဟာ ဟော်လန်ကွင်းလယ်လူကို မန်ယူနိုက်တက်ဆီရောင်းချဖို့ သဘောတူညီခဲ့ပေမဲ့ ဒီယောင်ကိုယ်တိုင်က လက်မခံခဲ့လို့ အပြောင်းအရွှေ့ပျက်ပြယ်ခဲ့ရတယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာတော့ ဒီယောင်ဟာ ဘာစီလိုနာမှာဆက်ရှိနေပေမယ့် ပွဲထွက်ခွင့်မရဖြစ်နေပြီး လူစားဝင်ကစားခဲ့ရတဲ့ပွဲက ပိုများနေတာပါ။

ဒီယောင်အနေနဲ့ အသင်းပြောင်းဖို့ ငြင်းဆန်ခဲ့လို့ ဖိအားပေးမှုတွေစတင်တော့မယ်ဆိုတာကို သိရှိ ထားပြီးသားဖြစ်ကြောင်း၊ ဘာစီလိုနာမှာဆက်ရှိနေချင်တဲ့စိတ်ကြောင့်သာ ခေါင်းခြောက်စရာကိစ္စ လို့မမြင်ခဲ့တာဖြစ်ကြောင်း ဒီယောင်က ပြောပါတယ်။

ဒီယောင်ဟာ ဘာကာအတွက် ၁ဝ ပွဲကစားထားပေမဲ့ လာလီဂါ ၃ ပွဲနဲ့ ပလာဇန်နဲ့ ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲမှာပဲ ပွဲထွက်ကစားခွင့်ရရှိခဲ့တာပါ။

ဘိုင်ယန်မြူနစ်လိုအသင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ကစားချင်စိတ်ဖြစ်မိပေမယ့် မကစားခဲ့ရကြောင်း၊ ရီးရဲလ်မက်ဒရစ်နဲ့ အယ်လ်ကလက်စီကိုဒါဘီမှာတော့ ပွဲထွက်ခွင့်ရဖို့မျှော်လင့်ကြောင်း ဒီယောင်ကပြောသွားပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up