close

ချင်းမိုင်တွင် ငလျင်လှုပ်ပြီး အဆောက်အအုံအချို့ ထိခိုက်ပျက်စီး

ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်၊ ဒွိုင်စကစ်မြို့နယ်ထဲမှာ အောက်တိုဘာ ၂၀ ရက် ဒီကနေ့မနက်စောစောက ငလျင်လှုပ်ပြီး အဆောက်အအုံတချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒီမနက် ၄ နာရီ ၃၆ မိနစ်လောက်က  ပြင်းအား ၄ ဒသမ ၁  ရစ်ချ်တာစကေးရှိ ငလျင်ဟာ  ဒွိုင်စကစ်မြို့နယ်၊ မဲ့ခီးရပ်ကွက်၊ မဲ့ခီးဝိထယားကျောင်းကို ဗဟိုပြုပြီး လတ္တီကျူ ၁၈ ဒသမ ၇၉၀ ဒီဂရီ ၊ အရှေ့လောင်ဂျီတွဒ် ၉၉ ဒသမ ၁၀၆ ဒီဂရီ၊  မြေပြင်အနက် ၂ ကီလိုမီတာနဲ့  အချိန် ၁ မိနစ်လောက်ကြာ လှုပ်ခတ်သွားခဲ့တယ်လို့ ထိုင်းနိုင်ငံငလျင်တိုင်းထွာရေးဌာနက ထုတ်ပြန်ပါတယ်။ 

ငလျင်လှုပ်မှုကြောင့် မဲ့ခီးဝိထယားစာသင်ကျောင်းနံရံနဲ့ မျက်နှာကြက်တွေ ကွဲအက်သွားပြီး ရပ်ကွက်ထဲက ခိုင်ခန့်မှုမရှိတဲ့ အိမ်ငယ်၊ အိမ်ဟောင်းတချို့ အနည်းငယ်ပျက်စီးကြောင်း ချင်းမိုင်နယူးစ်သတင်းမှာ ဖော်ပြပါတယ်။

ငလျင်လှုပ်ခတ်မှုကို ချင်းမိုင်ခရိုင် ဒွိုင်စကစ်၊ ဆန်ဆိုင်း၊ ဆန်ကမ်ဖိုင်း၊ မဲ့အွန်းမြို့နယ်၊ ဖယောင်းခရိုင် ဒေါက်ခမ်းတိုက်မြို့နယ်၊ လမ်းပွန်းခရိုင် ဘန့်ထိမြို့နယ်ထဲကနေ သိရှိခံစားရပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရသေးဘူးလို့  ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ 

ကိုးကား - ThaiRath

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up