close

သမ္မတအာဏာ လျှောချရေး အခြေခံဥပဒေပြင်ဆင်ချက် သီရိလင်္ကာပါလီမန် အတည်ပြု

သီရိလင်္ကာနိုင်ငံမှာ သမ္မတအာဏာကို လျှော့ချဖြတ်တောက်ဖို့  ရည်ရွယ်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်ကို အောက်တိုဘာ ၂၁ ရက်မှာ ပါလီမန်က အတည်ပြုခဲ့ပါတယ်။ 

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကာအကွယ်တွေ တိုးမြှင့်ဆောင်ရွက်ဖို့နဲ့ လွတ်လပ်ရေးရပြီး နောက်ပိုင်း နိုင်ငံရဲ့ အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းမှ လွတ်မြောက်စေမယ့် နည်းလမ်း တွေကို ကူညီရှာဖွေဖို့လည်း ရည်ရွယ်ထားပါတယ်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့အတွက် လိုအပ်တဲ့ မဲအများစု ၃ ပုံ ၂ ပုံနဲ့ အတည်ပြုခဲ့တာပါ။

ဒါပေမယ့်လည်း အတိုက်အခံပါတီတွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေဟာ ဒီပြင်ဆင်ချက်က တာဝန်ခံမှုမြှင့်တင်ရေးနဲ့ အစိုးရအာဏာတွေကို လျှော့ချရာမှာ လုံလောက်တဲ့ အတိုင်းအတာထိ မရောက်သေးတာကို ပြစ်တင်ရှုတ်ချခဲ့ကြပါတယ်။ 

သီရိလင်္ကာနိုင်ငံဟာ လောင်စာဆီ၊ အစားအစာ၊ မီးဖိုချောင်သုံးဂက်စ် နဲ့ ဆေးဝါးတွေလို မရှိမဖြစ် လိုအပ်တဲ့ သွင်းကုန်တွေအတွက် လုံလောက်တဲ့ဒေါ်လာငွေရှာဖို့ လပေါင်းများစွာ ရုန်းကန် နေရပါတယ်။ 

သီရိလင်္ကာနိုင်ငံသား အများအပြားဟာ အခွန်ဖြတ်တောက်မှုတွေ၊ အခု ပြောင်းပြန်ဖြစ်သွားတဲ့ ဓာတုဓာတ်မြေဩဇာ တားမြစ်ချက်တွေနဲ့ နိုင်ငံ့ရာဇဝင်မှာ ပထမဆုံးအကြိမ် ပျက်ကွက်ခဲ့တဲ့ နိုင်ငံရပ်ခြားကြွေးမြီကြောင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ အကူအညီကို ရယူရာမှာ ကြုံရတဲ့ နှောင့်နှေးမှုတွေ အပါအဝင် သမ္မတဟောင်း ဂိုတာဘာယာ ရာဂျာပက်ခ်ဆာ ရဲ့ မအောင်မြင်တဲ့ မူဝါဒတွေကို အကောင်အထည်ဖော်ခဲ့ခြင်းအတွက် အပြစ်တင်နေကြတာပါ။ 

ကျယ်ပြန့်လာတဲ့ ဆန္ဒပြမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ ရာဂျာပက်ဆာ ဟာ အမှုဆောင်သမ္မတရဲ့ ဩဇာအာဏာကို လျှော့ချပြီး လွှတ်တော်ကို အာဏာခွဲဝေပေးမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဇွန်လမှာ ထောက်ခံခဲ့ပါတယ်။ 

ဆန္ဒပြသူတွေက သူ့ရဲ့ ရုံးခန်းနဲ့ နေအိမ်ကို စီးနင်းတိုက်ခိုက်ပြီး နောက်တလမှာတော့ ရာထူးကနေ နုတ်ထွက်သွားခဲ့ပါတယ်။ 

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up