ဒေါ့မွန်က ဂျာမန်ကြယ်ပွင့် မူကိုကို ကို ခေါ်ယူရန် လီဗာပူးအသင်း ဦးဆောင်

လီဗာပူးအသင်းဟာ ထိပ်တန်းကလပ်တွေရဲ့ ပစ်မှတ်တိုက်စစ်မှူး မူကိုကို ကို ခေါ်ယူဖို့ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။
အသက် ၁၇ နှစ်ပဲရှိသေးတဲ့ ဂျာမနီ ယူ- ၂၁ လက်ရွေးစင် ယူဆွတ်ဖာ မူကိုကိုဟာ ဒေါ့မွန်အသင်းမှာ ခြေစွမ်းပြနေပြီး ဘွန်ဒက်စ်လီဂါ ၁၀ ပွဲ ကစားအပြီးမှာ ၄ ဂိုးသွင်း ၂ ဂိုး ဖန်တီးနိုင်ခဲ့ပါတယ်။
သူဟာ အခုနှစ်ရာသီအကုန်မှာ ဒေါ့မွန်နဲ့ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ ဘာစီလိုနာ၊ ရီးရဲလ်မက်ဒရစ်၊ ပီအက်စ်ဂျီအသင်းတွေက ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေကြတာပါ။
လက်ရှိအချိန်မှာ လီဗာပူးအသင်းက လက်ဦးမှုရယူနိုင်ဖို့ နီးစပ်နေပြီး ဂျာမန်နည်းပြ ယာဂန်ကလော့ပ်ကြောင့် တခြားအသင်းတွေထက် ပိုပြီးရေပန်းစားလာခဲ့တာပါ။
နည်းပြကလော့ပ်ကိုယ်တိုင်ကလည်း မူကိုကိုရဲ့ခြေစွမ်းကို ချီးကျူးခဲ့ဖူးတာကြောင့် မူကိုကို ကိုခေါ်ယူလိမ့်မယ်လို့ စပိန်သတင်းစာ Sport ကဖော်ပြပါတယ်။