ဒဏ်ရာကြောင့် တိုက်စစ်မှူး မာနေး ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် လွဲချော်

ဂျာမန်ကလပ် ဘိုင်ယန်မြူးနစ်အသင်း တိုက်စစ်မှူး မာနေးဟာ ဒဏ်ရာကြောင့် လာမယ့် ကာတာကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲကို လွဲချော်ဖို့ ရှိနေပါတယ်။
အသက် ၃၀ အရွယ် ဘိုင်ယန်တိုက်စစ်မှူး မာနေးဟာ ပြီးခဲ့တဲ့နိုဝင်ဘာ ၈ ရက်က ဝါဒါဘရီမင်ကို ၆ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ညာဘက်ခြေထောက်ရိုး ဒဏ်ရာရခဲ့တာ ဖြစ်ပါတယ်။
အဲဒီပွဲမှာ ဆီနီဂေါလက်ရွေးစင် တိုက်စစ်မှူးဟာ ပထမပိုင်း မိနစ် ၂၀ မှာတင် ဒဏ်ရာရခဲ့တာပါ။
ဒဏ်ရာအခြေအနေအရ သီတင်းပတ်ပေါင်းများစွာ ဘောလုံးကစားနိုင်မှာ မဟုတ်တဲ့အတွက် လာမယ့် နိုဝင်ဘာ ၂၀ ရက်နေ့မှာ စတင်မယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို လွဲချော်မှာဖြစ်ပါတယ်။
တိုက်စစ်မှူး မာနေးရဲ့ ဆီနီဂေါအသင်းဟာ အုပ်စု အေ မှာ အိမ်ရှင် ကာတာ၊ အီကွေဒေါ၊ နယ်သာလန်တို့နဲ့ တအုပ်စုတည်း ကျရောက်ပါတယ်။