ဘယ်လ်ဂျီယံတွင် ရဲအရာရှိ ၁ ဦး ဓားဖြင့်တိုက်ခိုက်ခံရပြီး သေဆုံး

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြောက်ပိုင်းက ရှာအယ်ရ်ဘိခ်ရပ်ကွက်မှာ နိုဝင်ဘာ ၁၀ ရက်က ရဲအရာရှိတဦး ဓားနဲ့တိုက်ခိုက်ခံရလို့ သေဆုံးခဲ့ပါတယ်။
ရပ်ကွက်နေ ကီးမဲလ် ဆိုသူက သူ သေနတ်သံ ၅ ချက်၊ ၆ ချက်လောက် ကြားလိုက်ရကြောင်း၊ မြေကြီးပေါ် လူ ၁ ယောက် လဲကျ သေဆုံးတာကို တွေ့လိုက်ရပြီး သွေးတွေကိုလည်း မြင်လိုက်ကြောင်း ရဲတွေတားထားတဲ့ စည်းအပြင်ဘက်မှာ ရိုက်တာသတင်းဌာနကို ပြောပါတယ်။
ဒီ အန္တရာယ်ရှိတဲ့လူတွေ၊ အိုးမဲ့အိမ်မဲ့တွေ အားလုံးနဲ့ ဒီမှာနေရတာ ပျော်စရာမကောင်းတော့ဘူး လို့လည်း သူက ဆိုပါတယ်။
အကြမ်းဖက်မှုနဲ့ ရာဇဝတ်မှုတွေကို ကိုင်တွယ်တဲ့ ဘယ်လ်ဂျီယံရဲ့ ဗဟိုအစိုးရရှေ့နေတွေဟာ အကြမ်းဖက်တိုက်ခိုက်မှုလို့ သံသယရှိသူနဲ့ပတ်သက်တဲ့ မီဒီယာသတင်းတွေကို အတည်ပြုဖို့ ချက်ချင်း လက်လှမ်းမမီသေးပါဘူး။
တိုက်ခိုက်သူဟာ သူ့ရဲ့ စိတ်ရောဂါအခြေအနေကို အကဲဖြတ်ဖို့ ဆေးရုံကိုမပို့ခင် အဲဒီနေ့အစောပိုင်းက ရဲစခန်းကို ခြိမ်းခြောက်ခဲ့သေးတယ်လို့ ဘယ်လ်ဂျီယံသတင်းစာ လဲဆွားက ပြောပါတယ်။
“ကျနော်တို့ရဲ့ ရဲအရာရှိတွေဟာ ကျနော်တို့နိုင်ငံသားတွေရဲ့ လုံခြုံရေးကို သေချာစေဖို့ နေ့စဉ်နေ့တိုင်း အသက်စွန့်ပေးနေတာပါ” လို့ ဘယ်လ်ဂျီယံဝန်ကြီးချုပ် အလက်ဇန္ဒား ဒီ ကရူးက တွစ်တာမှာ ရေးသားခဲ့ပါတယ်။