သြစတြေးလျတွင် ကုန်တင်ရထားတစီး လမ်းချော်ပြီး ကွန်တိန်နာများစုပုံနေ

ဩစတြေးလျနိုင်ငံတောင်ပိုင်း၊ ဗစ်တိုးရီးယားပြည်နယ်၊ မဲလ်ဘုန်းမြို့ အနောက်တောင်ဘက် ကီလိုမီတာ ၁၀၀ အကွာရှိ ရထားသံလမ်းတလျှောက်မှာ နိုဝင်ဘာ ၁၄ ရက် မနက်ပိုင်းက ကုန်တင်ရထားတစီး လမ်းချော်ခဲ့လို့ ကုန်သေတ္တာ ကွန်တိန်နာအလုံး ၂၀ ကျော် စုပုံသွားခဲ့ပါတယ်။
ကွန်တိန်နာ ဒါဇင်များစွာတင်လာတဲ့ ရထားတွဲ ၁၆ တွဲ လမ်းချော်သွားခဲ့တာလို့ ပြည်နယ် အရေးပေါ်ဝန်ဆောင်မှု (SES) က ပြောပါတယ်။
ဒီဖြစ်ရပ်မှာ ဘယ်သူမှမထိခိုက်ခဲ့ဘဲ လမ်းချော်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ SES က ပြောပါတယ်။
ဒေသတွင်းမှာတော့ တညလုံး မိုးသည်းသည်းထန်ထန် ရွာသွန်းပြီးတဲ့နောက် ဗစ်တိုးရီးယား ပြည်နယ်တခွင်မှာ ရုတ်တရက် ရေကြီးခဲ့ပါတယ်။