close

ယူကရိန်းကို ကျူးကျော်ခဲ့သည့် ရုရှား လျော်ကြေးပေးရန် ကုလသမဂ္ဂ ဆုံးဖြတ်

ယူကရိန်းကို ကျူးကျော်မှုအတွက် ရုရှားက တာဝန်ယူဖို့ ကုလသမဂ္ဂ အထွေထွေညီလာခံက နိုဝင်ဘာ ၁၄ ရက်မှာ တောင်းဆိုလိုက်ပြီး နိုင်ငံအတွင်း လျော်ကြေးပေးဖို့ ရုရှားမှာ တာဝန်ရှိတယ်ဆိုတဲ့  ဆုံးဖြတ်ချက်ကို အတည်ပြုလိုက်ပါတယ်။

ညီလာခံ အဖွဲ့ဝင် ၁၉၃ နိုင်ငံအနက် ၉၄  နိုင်ငံက  ထောက်ခံတဲ့ ဒီဆုံးဖြတ်ချက်မှာ ရုရှားဟာ ယူကရိန်းမှာ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုတွေအတွက် တာဝန်ရှိကြောင်း အသိအမှတ်ပြုထားပါတယ်။

ဒီလိုလုပ်ရပ်တွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ အပါအဝင် ထိခိုက်ဒဏ်ရာရမှုအတွက် လျော်ကြေးပေးတာ အပါအဝင် နိုင်ငံတကာက မှားယွင်းတဲ့လုပ်ရပ်အားလုံးရဲ့ ဥပဒေအကျိုးဆက်တွေကို ခံကြရမယ်လို့ ဆုံးဖြတ်ချက်က ဆိုပါတယ်။

ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်တွေဟာ မလိုက်နာလည်း ဘာမှမဖြစ်ပေမဲ့ နိုင်ငံရေးအရ ဩဇာသက်ရောက်မှု ရှိနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up