ကမ္ဘာ့ဖလားပြိုင်ပွဲ ကင်မရွန်းနှင့် ဆားဘီးယား ၃ ဂိုးစီသရေကျ

ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စု ဂျီ ဒုတိယပွဲစဉ်အဖြစ် ကင်မရွန်းနဲ့ ဆားဘီးယားတို့ ဒီနေ့ညနေက ယှဉ်ပြိုင်ရာ ဂိုးအပြန်အလှန်သွင်းပြီး ၃ ဂိုးစီ သရေကျသွားပါတယ်။
နှစ်သင်းစလုံး အုပ်စုအဖွင့်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် အခုပွဲ အနိုင်ရရေး အပြန်အလှန် တိုက်စစ်ဆင်ကစားပြီး ဂိုးတွေ သွင်းယူခဲ့တာပါ။
ကင်မရွန်းက ပွဲချိန် ၂၉ မိနစ်၊ ၆၃ မိနစ်နဲ့ ၆၆ မိနစ်တွေမှာ ဂိုးသွင်းယူခဲ့ပြီး ဆားဘီးယားအသင်းကတော့ ပထမပိုင်း ပွဲပြီးကာနီး နာကျင်အချိန်ပိုမှာ ၂ ဂိုး၊ ပွဲချိန် ၅၃ မိနစ်မှာ ၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။
အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် ကင်မရွန်းက ဘရာဇီးနဲ့ ဆားဘီးယားက ဆွစ်ဇာလန်နဲ့ ယှဉ်ပြိုင်ရမှာဖြစ်လို့ နှစ်သင်းစလုံး နောက်တဆင့်တက်နိုင်ရေး ခက်ခဲနေပါတယ်။