ကမ္ဘာ့ဖလား အုပ်စု H ပွဲတွင် ဂါနာက တောင်ကိုရီးယားကို ၃ ဂိုး ၂ ဂိုးဖြင့်နိုင်

ကမ္ဘာ့ပြိုင်ပွဲ အုပ်စု H ဒုတိယပွဲစဉ်အဖြစ် တောင်ကိုရီးယားနဲ့ ဂါနာတို့ ဒီနေ့ယှဉ်ပြိိုင်ရာ ဂါနာက ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဂါနာအသင်းဟာ အုပ်စုအဖွင့်ပွဲမှာ ပေါ်တူဂီကို ရှုံးခဲ့တဲ့အတွက် အခုပွဲမှာ အနိုင် ၃ မှတ်ရရေး ကြိးစားခဲ့တာပါ။
ေတာင်ကိုရီးယားအသင်းကလည်း ဥရုဂေွးနဲ့ အုပ်စုအဖွင့်ပွဲမှာ သရေကျခဲ့တဲ့အတွက် အခုပွဲမှာ အနိုင်ရရေး ယှဉ်ပြိုင်ခဲ့ပါတယ်။
ဂါနာအသင်းအတွက် ဂိုးတွေကို ပွဲချိန် ၂၄ မိနစ်မှာ ဆာလီဆူ၊ ၃၄ မိနစ်နဲ့ ၆၈ မိနစ်တွေမှာ ကူဒတ်စ်က သွင်းယူပေးခဲ့ပါတယ်။
တောင်ကိုရီးယားအတွက် ပွဲချိန် ၅၈ မိနစ်နဲ့ ၆၁ မိနစ်တွေမှာ ဂူဆန်တဦးတည်းက ၂ ဂိုး သွင်းယူေပးခဲ့ပါတယ်။
ဒီအုပ်စုက ဒုတိယပွဲစဉ်အဖြစ် ပေါ်တူဂီနဲ့ ဥရုဂွေးတို့ ဒီနေ့ည ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
လက်ရှိ အုပ်စုရပ်တည်မှု အနေအထားကတော့ ပေါ်တူဂီက တပွဲကစား ၃ မှတ်နဲ့ အုပ်စု ပထမ၊ ဂါနာက နှစ်ပွဲကစား ၃ မှတ်နဲ့ အုပ်စု ဒုတိယ၊ ဥရုဂွေးက တပွဲကစား ၁ မှတ်နဲ့ အုပ်စု တတိယ၊ တောင်ကိုရီးယားက ၂ ပွဲကစား ၁ မှတ်နဲ့ အုပ်စု အောက်ဆုံးမှာ အသီးသီး ရပ်တည်နေပါတယ်။