close

မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးပစ်ခံရ

မန္တလေး မဟာအောင်မြေမြို့နယ် သံလျက်မှော်အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဒီကနေ့ နေ့လယ်ပိုင်းက ဗုံးနဲ့ပစ်ခံရတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

သံလျက်မှော်အရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ  ဒီကနေ့ နေ့လယ်ပိုင်းက တံခါးပိတ်ပြီး အစည်းအဝေးပြုလုပ်နေစဥ် အမည်မသိအမျိုးသားနှစ်ဦးက တံခါးဖွင့်ပြီး ဗုံးနဲ့ပစ်ခတ်ခဲ့တာလို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

"သံပန်းတံခါးပိတ်ပြီး အစည်းအဝေးလုပ်နေတဲ့အချိန် တံခါးကိုဖွင့်ပြီး ဗုံးနဲ့ပစ်သွားတာ။ ဒဏ်ရာရတဲ့သူတွေရှိတယ်၊ အခြေအနေက စိုးရိမ်ရတယ်။" 

အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက "ဒဏ်ရာရတာ နှစ်ယောက် အုပ်ချုပ်ရေးမှူးရော၊ ရာအိမ်မှူးရော အခြေအနေမကောင်းဘူး၊ စိုးရိမ်ရတဲ့အနေအထားပါ။” လို့ ပြောပါတယ်။

လက်တလောမှာ စစ်ကောင်စီတပ်ဟာ သံလျက်မှော်အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားပြီး ရပ်ကွက်နေသူအချို့ကို စစ်ဆေးနေတယ်လို့ ရပ်ကွက်နေသူတွေက ပြောပါတယ်။

သံလျက်မှော်အရှေ့ရပ်ကွက်မှာ ပြီးခဲ့တဲ့လတွေကလည်း သတင်းပေးဒလန်ကြောင့် နိူင်ငံရေးတက်ကြွလှုပ်ရှားသူအချို့ ဖမ်းဆီးခံရသလို ပြည်သူ့ကာကွယ်ရေးတပ်တွေကြောင့် စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ သေဆုံးခဲ့တာလည်းရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up