အင်ဒိုနီးရှား ရဲစခန်းတွင် ပေါက်ကွဲမှုဖြစ်ပြီး ရဲအရာရှိ ၃ ဦး ဒဏ်ရာရ

အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဂျာဗားပြည်နယ်ရှိ ရဲစခန်းတခုမှာ ဒီဇင်ဘာ ၇ ရက်က ပေါက်ကွဲမှုတခု ဖြစ်ပွားခဲ့ရာ ရဲအရာရှိ ၃ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး အာဏာပိုင်တွေက ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းရင်းကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲအရာရှိတွေက ဒေသခံမီဒီယာကို ပြောပါတယ်။
ဘန်ဒေါင်းမြို့ရှိ ရဲစခန်းအဝင်ဝမှာ ပျက်စီးနေပြီး အဲဒီနယ်မြေမှာ လမ်းတွေပိတ်ထားတာကို တွေ့မြင်ရတဲ့ ဗီဒီယိုဖိုင်ကို ဒေသမီဒီယာ Kompas TV က ပြသထားပါတယ်။ ပေါက်ကွဲမှုရဲ့ အရင်းအမြစ်ကို ချက်ချင်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
ကမ္ဘာ့လူဦးရေအများဆုံးဖြစ်ပြီး မွတ်စလင်အများစုနေထိုင်တဲ့ အင်ဒိုနီးရှားနိုင်ငံဟာ အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေကို ခံခဲ့ရပြီး တခါတရံ ရဲတပ်ဖွဲ့က ပစ်မှတ်ထား တိုက်ခိုက်ခံရတတ်ပါတယ်။
၂၀၁၉ ခုနှစ်က အိုင်အက်စ်အဖွဲ့ကို အားကျတုပတဲ့ ဂျမား အန်ရှာရွတ် ဒေါင်လာ (JAD) နဲ့ ဆက်နွှယ်နေတဲ့ အသေခံဗုံးခွဲမှုအပြီးမှာ အင်ဒိုနီးရှားနိုင်ငံဟာ တင်းကျပ်တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေသစ်ကို ပြဋ္ဌာန်းထားပါတယ်။