အာဆင်နယ်တိုက်စစ်မှူး ဂျေဆု၏ ဒူးဒဏ်ရာခွဲစိတ်မှု အောင်မြင်

အာဆင်နယ်တိုက်စစ်မှူး ဂျေဆုရဲ့ ဒူးဒဏ်ရာ ခွဲစိတ်မှု အောင်မြင်ခဲ့ပြီး ၃ လလောက် အနားယူရနိုင်တယ် လို့သိရပါတယ်။
ဘရာဇီးတိုက်စစ်မှူးဟာ ကင်မရွန်းအသင်းကို ရှုံးနိမ့်ခဲ့တဲ့ ကမ္ဘာ့ဖလားအုပ်စုနောက်ဆုံးပွဲစဉ်မှာ ဒူးဒဏ်ရာရခဲ့တာဖြစ်ပြီး ခွဲစိတ်ကုသခဲ့ရတာပါ။ အာဆင်နယ်အသင်းဘက်ကလည်း ဂျေဆုရဲ့ ဒူးဒဏ်ရာခွဲစိတ်မှုအောင်မြင်ခဲ့ပြီး ပြန်လည်ကောင်းမွန်လာဖို့ ဆက်လက်လုပ်ဆောင်သွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဂျေဆုကတော့ ပိုပြီး ကောင်းမွန်တဲ့ခြေစွမ်းနဲ့ ပြန်လာမှာဖြစ်ကြောင်း သူ့ရဲ့အင်စတာဂရမ်မှာ ရေးသားခဲ့ပါတယ်။
ဂျေဆုဟာ မန်စီးတီး၊ စပါးအသင်းတို့နဲ့ ပွဲစဉ်တွေအပါအဝင် ပရီးမီးယားလိဂ်ပွဲစဉ် ၁၀ ပွဲလောက် လွဲချော်တော့မှာပါ။ အာဆင်နယ်ရဲ့ ပရီးမီးယားလိဂ် ၁၄ ပွဲစလုံးမှာ ပွဲထွက်ကစားခဲ့တဲ့ ဂျေဆုဟာ သွင်းဂိုး ၅ ဂိုး၊ ဖန်တီးမှု ၅ ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။