ဘင်္ဂလားဒေ့ရှ်တွင် တက်ကြွလှုပ်ရှားသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော် ဒါကာမှာ ဘင်္ဂလားဒေ့ရှ် မျိုးချစ်ပါတီ (BNP) က တက်ကြွလှုပ်ရှားသူတွေနဲ့ ရဲတွေကြား ဒီဇင်ဘာ ၇ ရက်က ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
ပါတီဗဟိုရုံးရှေ့မှာ စုဝေးနေတဲ့ တက်ကြွလှုပ်ရှားသူတွေကို ရဲအရာရှိတွေက လူစုခွဲဖို့ ကြိုးပမ်းခဲ့တာပါ။
ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း အမျိုးသားတဦး သေဆုံးပြီး တခြားလူတွေ ဒဏ်ရာရခဲ့ကြတယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြခဲ့ပါတယ်။
ရဲတပ်ဖွဲ့က ရာဘာကျည်ဆန်တွေနဲ့ မျက်ရည်ယိုဗုံးတွေသုံးပြီး ဆန္ဒပြသူတွေကို လူစုခွဲခဲ့တယ်လို့လည်း ဆိုပါတယ်။
လမ်းမတွေပေါ်မှာ ကြွေးကြော်သံတွေ ကြွေးကြော်နေတဲ့ တက်ကြွလှုပ်ရှားသူတွေကိုလည်း တွေ့မြင်ခဲ့ရပါတယ်။
“သူတို့ကိုတွန်းလှန်ဖို့ ကျနော်တို့ ကြိုးစားခဲ့ပေမဲ့ သူတို့ လက်နက်ကိုင်ထားတာကြောင့် မအောင်မြင်ဘဲ ထောက်ခံသူတွေ အများအပြား ဒဏ်ရာရခဲ့ပါတယ်။ သူတို့က ကျည်ဆန်တွေနဲ့ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ခဲ့တယ်” လို့ BNP ပါတီ တက်ကြွလှုပ်ရှားသူ အာဖရိုဇာ ခါနမ်က ပြောပါတယ်။
ဒီဇင်ဘာ ၁၀ ရက်မှာ မြို့တော် ဒါကာမှာလုပ်ဖို့ စီစဉ်ထားတဲ့ BNP လူထုစုဝေးပွဲမတိုင်မီ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့တာလို့ ဒေသတွင်းသတင်းတွေက ဖော်ပြထားပါတယ်။