ဘာလီဗုံးခွဲမှုတွင် နောက်ကွယ်မှ ဗုံးထုတ်လုပ်ခဲ့သူအား လွတ်ငြိမ်းချမ်းသာခွင့်ပေး

လူပေါင်း ၂၀၂ ဦး သေဆုံးခဲ့တဲ့ ၂၀၀၂ ခုနှစ် ဘာလီဗုံးခွဲမှု နောက်ကွယ်မှာ ဗုံးထုတ်လုပ်သူ အူမာပါတက်ခ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တယ်လို့ တရားဥပဒေနဲ့ လူ့အခွင့်အရေး ဝန်ကြီးဌာနက ဒီဇင်ဘာ ၇ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အစောပိုင်းဆယ်စုနှစ်တခုက ဘာလီနိုက်ကလပ်နှစ်ခုကို ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ ဗုံးဖောက်ခွဲမှုမှာ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ပြီးတဲ့နောက် ပါတက်ခ်ဟာ ၂၀၁၂ ခုနှစ်မှာ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ခံခဲ့ရပါတယ်။
ဗုဒ္ဓဟူးနေ့မှာ သူလွတ်မြောက်လာပြီးတဲ့နောက် ပါတက်ခ်ဟာ ၂၀၃၀ ဧပြီလအထိ “လမ်းညွှန်ခြင်းအစီအစဉ်” မှာ ပါဝင်ဖို့ လိုအပ်ပါတယ်။
ပါတက်ခ်ဟာ ဒီကာလအတွင်း လွတ်ငြိမ်းချမ်းသာခွင့်ချိုးဖောက်မှု တစုံတရာ ကျူးလွန်ခဲ့ရင် သူ့ရဲ့ လွတ်ငြိမ်းခွင့်ကို ပြန်ရုပ်သိမ်းမယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
အယ်လ်ကိုင်းဒါးနဲ့ ဆက်နွှယ်နေတဲ့ ဂျမား အစ်လာမီယာ အဖွဲ့ဝင် ပါတက်ခ်ဟာ ပြစ်ဒဏ်လျှော့ပေါ့ပြီးတဲ့နောက် လွတ်ငြိမ်းချမ်းသာခွင့် ရနိုင်တယ်လို့ အင်ဒိုနီးရှားအစိုးရက သြဂုတ်လမှာ ပြောခဲ့တာပါ။
ဒီဆုံးဖြတ်ချက်ကို ဗုံးခွဲမှုမှာ သေဆုံးသူတွေရဲ့ မိသားစုတွေက ဝေဖန်ခဲ့ကြပါတယ်။