close

မက်ဆီတယောက်တည်းကို လူကပ်ကစားရန် အစီအစဉ်မရှိဟု ခရိုအေးရှားအသင်းပြော

လာမယ့် ဒီဇင်ဘာ ၁၃ ရက်နေ့ ကစားရမယ့် ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ခရိုအေးရှားအသင်းအနေနဲ့ အာဂျင်တီးနားတိုက်စစ်မှူး မက်ဆီကို အဓိက ပိတ်ဆို့ကစားသွားဖို့ အစီအစဉ်မရှိဘူးလို့ မနေ့ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ခရိုအေးရှားအသင်းက ပြောလိုက်ပါတယ်။

အာဂျင်တီးနားမှာ တဦးချင်း ကစားသမားကောင်းတွေ အများကြီးရှိတာကြောင့် ခရိုအေးရှားအသင်းအနေနဲ့ မက်ဆီတယောက်တည်းကို လူကပ်ကစားသွားဖို့မရှိဘဲ တသင်းလုံးကို လှုပ်ရှားကစားလို့မရအောင် အာရုံစိုက်ကစားသွားမှာလို့ ပြောခဲ့တာပါ။

ခရိုအေးရှားအသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ဗိုလ်လုပွဲမှာ ပြင်သစ်ကို ရှုံးနိမ့်ပြီးနောက် အခု ၂၀၂၂ ကမ္ဘာ့ဖလားမှာ ဒုတိယအကြိမ် ကမ္ဘာ့ဖလားဗိုလ်လုပွဲ တက်ရောက်နိုင်ဖို့ ကြိုးစားနေတာပါ။

အသင်းအနေနဲ့ ဒီကွာတားဖိုင်နယ်မှာ နာမည်ကြီး ဘရားဇီးအသင်းကို နောက်ကျချေပဂိုး သွင်းယူပြီး ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူကာ ဆီမီးဖိုင်နယ်ကို တက်ရောက်လာတာလည်း ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up