close

ဖီဂျီအထွေထွေရွေး‌ကောက်ပွဲ ကျင်းပ

ဖီဂျီကျွန်းနိုင်ငံမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၄ ရက်က အထွေထွေရွေးကောက်ပွဲ ကျင်းပခဲ့ပြီး ပါလီမန်လွှတ်တော်အဖွဲ့ဝင် ၅၅ ဦးကို ကိုယ်စားလှယ် ၃၄၃ ဦးထဲက မဲပေးရွေးချယ်နေတာ ဖြစ်ပါတယ်။

ဖီဂျီနိုင်ငံရဲ့ ရွေးကောက်ပွဲစနစ်အရ ကိုယ်စားလှယ်လောင်းတဦးဟာ ပါလီမန်လွှတ်တော် တနေရာအတွက် ဆန္ဒမဲစုစုပေါင်းရဲ့ အနည်းဆုံး ၅ ရာခိုင်နှုန်း မဖြစ်မနေရရှိဖို့ လိုအပ်ပါတယ်။

အမတ်နေရာ အများဆုံးရရှိတဲ့ ပါတီခေါင်းဆောင်ဖြစ်သူက နိုင်ငံ့ဝန်ကြီးချုပ်အသစ်အဖြစ် တာဝန်ထမ်းဆောင်ရမှာဖြစ်ပြီး အစိုးရအဖွဲ့ကိုလည်း ကိုယ်တိုင်ဖွဲ့စည်းနိုင်မှာပါ။

ဒီနှစ်အတွက် အထွေထွေရွေးကောက်ပွဲမှာ နိုင်ငံတဝန်းက ဖီဂျီနိုင်ငံသား စုစုပေါင်း ၆၉၀,၀၀၀ ကျော် ဆန္ဒမဲပေးကြမှာဖြစ်ပြီး မဲရုံပေါင်း ၈၅၅ ရုံကိုလည်း နိုင်ငံတဝန်း ဖွင့်လှစ်ပေးထားပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ မနက်ကတည်းက မဲရုံရှေ့မှာ လူတန်းရှည်ကြီးတွေနဲ့ ဆန္ဒမဲပေးဖို့ တန်းစီစောင့်ဆိုင်းနေကြပြီး မနက် ၇ နာရီခွဲမှာ တရားဝင်မဲပေးမှု စတင်ပါတယ်။

ရွေးကောက်ပွဲကြီးကြပ်ရေးမှူး မိုဟာမက်ဆန်နင်းမ်က ရွေးကောက်ပွဲမှာ တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှုရှိဖို့အတွက် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်တွေအတိုင်း ရွေးကောက်ပွဲရုံး အနေနဲ့ လိုက်နာဆောင်ရွက်ခဲ့ကြာင်း မှတ်ချက်ပြုပါတယ်။

တချိန်တည်းမှာပဲ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးနဲ့ စည်းကမ်းထိန်းသိမ်းရေးအတွက် ရဲတပ်ဖွဲ့ဝင် ၁,၅၀၀ ကို မဲရုံအသီးအသီးဆီ စေလွှတ်ပြီး အကူအညီပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဖီဂျီ အထွေအထွေရွေးကောက်ပွဲအတွက် မဲပေးမှုကို ညနေ ၆ နာရီအတိမှာ ရပ်နားခဲ့ပြီး မဲရေတွက်မှု စတင်ခဲ့သလို မဲရလဒ်တွေကိုတော့ ၄ ရက်ကနေ ၅ ရက်အတွင်း ကြေညာသွားမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up