စစ်သွေးကြွများ သိမ်းထားသည့် စစ်ကြောရေးစခန်းကို ပါကစ္စတန်တပ်ဖွဲ့ ပြန်သိမ်းပိုက်

ပါကစ္စတန် လုံခြုံရေးတပ်ဖွဲ့တွေဟာ အစ္စလာမ္မစ် စစ်သွေးကြွတွေ ၂ ရက်ကြာ သိမ်းထားတဲ့ အကြမ်းဖက်မှု တန်ပြန် စစ်ကြောရေးစင်တာကို ဒီဇင်ဘာ ၂၀ ရက်မှာ ပြန်လည်သိမ်းယူခဲ့ပြီး ဓားစာခံတွေအားလုံးကိုလည်း ကယ်တင်နိုင်ခဲ့ကြောင်း လုံခြုံရေး သတင်းရင်းမြစ်တွေက ရိုက်တာကို ပြောပါတယ်။
အနောက်မြောက်ပိုင်း ဘန်နုမြို့မှာရှိတဲ့ စစ်ကြောရေးစခန်းကနေ မီးခိုးတွေတက်လာပြီး တချို့ အဆောက်အအုံတွေရဲ့ နောက်မှာ မီးခိုးတွေနဲ့ ဖုံးကွယ်နေတာပါ။ လုံခြုံရေးဝန်ထမ်းတွေကလည်း လမ်းပိတ်ဆို့တဲ့ နေရာအနီးအနားမှာ ရပ်နေကြပါတယ်။
ပါကစ္စတန် တာလီဘန် စစ်သွေးကြွတွေဟာ ဒီဇင်ဘာ ၁၈ ရက်က စစ်ကြောရေးသမားတွေရဲ့ လက်နက်တွေကို လုယူခဲ့ပြီး ဓားစာခံအဖြစ် ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
လုံခြုံရေးတပ်ဖွဲ့တွေဟာ တာလီဘန်စစ်သွေးကြွတွေလက်ကနေ ဓားစာခံတွေ လွတ်မြောက်ရေးအတွက် အင်္ဂါနေ့မှာ စစ်ဆင်ရေး စတင်ခဲ့တာပါ။
လုံခြုံရေးအရာရှိ ၆ ဦးနဲ့ စင်တာအတွင်းမှာ အကျဉ်းသားအများအပြား ရှိနေကြောင်း မီဒီယာကို ပြောဆိုခွင့်မရှိလို့ အမည်မဖော်လိုသူ သတင်းရင်းမြစ်တွေက ပြောပါတယ်။
တာရိခ် အီ တာလီဘန် ပါကစ္စတန် (TTP) လို့ လူသိများတဲ့ ပါကစ္စတန် တာလီဘန် တိုက်ခိုက်ရေးသမား အယောက် ၂၀ လောက်ရှိနေတဲ့ စစ်တပ်နယ်မြေကို လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဝိုင်းရံထားပါတယ်။