close

တောင်ကိုရီးယား အမြန်လမ်းတွင် မီးလောင်ပြီး အနည်းဆုံး လူ ၅ ဦးသေဆုံး

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်အနီးရှိ ဒုတိယ ဂျောင်အင်းအမြန်လမ်းမှာ ဒီဇင်ဘာ ၂၉ ရက်က မီးလောင်မှုကြီးတခု ဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၅ ဦး သေဆုံးကာ အယောက် ၃၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ အရေးပေါ် တာဝန်ရှိသူတွေက ပြောပါတယ်။

ဆိုးလ်မြို့အနီးက ဂျောင်အင်း ဒုတိယအမြန်လမ်းမှာ ဒေသစံတော်ချိန် မွန်းလွဲ ၁ နာရီ ၄၉ မိနစ်လောက်က ဘတ်စ်ကားနဲ့ ထရပ်ကား တိုက်မိပြီးနောက် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပုံရကြောင်း မီဒီယာတွေက ရေးပါတယ်။

မီးလောင်မှု ဖြစ်ပွားရတဲ့ အကြောင်းရင်းကို စုံစမ်းနေဆဲဖြစ်ကြောင်း မီးသတ်အရာရှိတဦးက ပြောပါတယ်။

မီးပျံ့နှံ့လောင်ကျွမ်းပြီး ပေါက်ကွဲသံတွေကိုလည်း ကြားရတာကြောင့် ဘေးဒုက္ခကြုံနေရတဲ့ နေရာကနေ လွတ်မြောက်ဖို့အတွက် ကားမောင်းပြေးလို့ မရလောက်အောင် ယာဉ်ကြောပိတ်ဆို့မှု ဆိုးဆိုးရွားရွား ကြုံခဲ့ရတယ်လို့ ခက်ခက်ခဲခဲဖြစ်နေကြောင်း မျက်မြင်သက်သေတဦးက YTN  ရုပ်မြင်သံကြားဌာနကို ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up