ကင်မရွန်းအသင်း ယူ-၁၇ အသင်းက သက်ကျော်ကစားသမား ၂၁ ဦးကို ထုတ်ပယ်

ကင်မရွန်း ယူ-၁၇ ဘောလုံးအသင်းက ကစားသမား ၂၁ ဦးမှာ သက်ကျော်ကစားသမားတွေအဖြစ် စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် လူစာရင်းကနေ ထုတ်ပယ်ခဲ့ပါတယ်။
ကင်မရွန်းယူ ၁၇ အသင်းဟာ ဗဟိုအာဖရိကဖလားနဲ့ အာဖရိက ယူ-၁၇ ပြိုင်ပွဲအတွက် လေ့ကျင့်ပြင်ဆင်နေတာပါ။
ရွေးချယ်ထားတဲ့ ကစားသမား ၃၀ ဦးစာရင်းကို MRI Test ပြုလုပ်ခဲ့ရာမှာ ကစားသမား ၂၁ ဦးက အသက်ကျော်နေတဲ့ ကစားသမားတွေအဖြစ်တွေ့ရှိရပြီး လူစာရင်းကနေချက်ချင်း ထုတ်ပယ်ခဲ့ပါတယ်။
MRI Test ဆိုတာက ကစားသမားတွေရဲ့လက်ကောက်ဝတ်တွေကို Scan ဖတ်ပြီး အရိုးကြီးထွားမှုကိုစစ်ဆေး တိုင်းတာတာဖြစ်ပါတယ်။
ကင်မရွန်းဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ အီတိုးကိုယ်တိုင် ကြပ်မတ်စစ်ဆေးခဲ့ပြီးနောက် အသက်ကျော်တဲ့ ကစားသမား ၂၁ ဦးကို ထုတ်ပယ်ပြီး နောက်ထပ်လူရွေးပွဲကျင်းပသွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
ကင်မရွန်းယူ ၂၀ နဲ့ ယူ ၁၇ အသင်းတွေမှာ အရင်ကတည်းက အသက်မှန်ကန်မှုမရှိမရှိအပေါ် ဝေဖန်မှုတွေထွက်ပေါ်ခဲ့ဖူးပါတယ်။