close

စစ်တွေတွင် အမျိုးသား ၃ ဦး သေနတ်ပစ်ခတ်ရပြီး သေဆုံး

ရခိုင်ပြည်နယ်၊  စစ်တွေမြို့မှာ   ဇန်နဝါရီ ၄ ရက် မနက်ပိုင်းက သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အမျိုးသား ၃ ယောက် သေဆုံးနေတာတွေ့ခဲ့ရတယ်လို့  မျက်မြင်တွေ့သူက ပြောပါတယ်။

ပစ်သတ်ခံရတဲ့ အမျိုးသား ၃ ယောက်ဟာ စက်ရုံစုရပ်ကွက် အကွက် ၁၃ ရှိ ဆီတန်းရှေ့မှာ ဒီနေ့မနက်ပိုင်းက ပစ်ခတ်ခံရတာဖြစ်ပြီ ဘယ်သူဘယ်ဝါဆိုတာမသိရသေးဘူးလို့ မျက်မြင်တဦးက ပြောပါတယ်။

“အသတ်ခံရတာက အမျိုးသား ၃ ဦးပါ။ ဒီနေ့မနက် ၇ နာရီလောက်မှာ သေနတ်နဲ့  ပစ်သတ်ခံခဲ့ရတာ။ ဘယ်သူဘယ်ဝါဆိုတာတော့ အတည်ပြုလို့မရသေးဘူး။ အသက်ကတော့ ၃၀ ကျော် ဝန်းကျင်လောက်ရှိမယ်။ သေနတ်သံကတော့ ၅ ချက်လောက် ကြားလိုက်ရတယ်။  အခုတော့ စစ်တွေဆေးရုံကို အလောင်းတွေကို ပို့ဖို့လုပ်ဆောင်နေကြတယ်။ ရဲတွေလည်း ရောက်နေကြပြီ”လို့ ပြောပါတယ်။

လက်ရှိ အသတ်ခံရတဲ့ လူ ၃ ဦးနဲ့ပတ်သက်ပြီး ဖြစ်စဉ်အသေးစိတ်ကို သိရဖို့နဲ့ ဘယ်သူဘယ်ဝါတွေက ဘာကြောင့် ပစ်ခတ်ခဲ့တာဆိုတာ သိရဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်တွေမြို့မှာ ပြီးခဲ့တဲ့ လတွေတုန်းကလည်း သေနတ်ပစ်ခတ်ခံရပြီး နယ်ထိန်ရဲအုပ်တစ်ဦး သေဆုံးခဲ့သလို ပြည်နယ် ငါးလုပ်ငန်းဦးစီးညွှန်ကြားရေးမှူးလည်း  သေနတ်ပစ်ခံရပြီး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပါတယ်။

ဓာတ်ပုံ- လင်းလင်း

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up