ရုရှားဒုံးကျည်ဖြင့်တိုက်ခိုက်မှုကြောင့် ယူကရိန်း ပြည်သူ ၂ ဦး ဒဏ်ရာရ

ယူကရိန်းနိုင်ငံ ဒွန်နက်စ်ခ်ဒေသက ဒရပ်ဇ်ကိဗ်ကာမြို့ရှိ ရေခဲပြင်ကွင်းတခုကို ဇန်နဝါရီ ၂ ရက်က ရုရှားဒုံးကျည်နဲ့ တိုက်ခိုက်ခဲ့ရာမှာ မြို့ကို ဒုံးကျည်တစင်းထိမှန်ပြီး လူနှစ်ဦး ဒဏ်ရာရခဲ့ကြောင်း ယူကရိန်း ရေခဲပြင်ဟော်ကီအဖွဲ့ချုပ်က ပြောပါတယ်။
ရိုက်တာကရရှိတဲ့ ဗီဒီယိုမှာ မီးလောင်နေတဲ့ ရေခဲကွင်းနဲ့ မီးသတ်သမားတွေရဲ့ မီးငြှိမ်းသတ်ဖို့ ကြိုးပမ်းမှုတွေကို ပြသထားပါတယ်။
ရေခဲပြင်ဟော်ကီအဖွဲ့ချုပ်ရဲ့ တယ်လီဂရမ်ချန်နယ်မှာတော့ “ရုရှားကျူးကျော်ရေးသမား တွေဟာ စစ်ပွဲစတင်ကတည်းက ရေခဲကွင်းငါးခုကို ဖျက်ဆီးခဲ့တာပါ” လို့ ပျက်စီးသွားတဲ့ ရေခဲပြင်ကွင်းတွေကို နာမည်နဲ့တကွ ဖော်ပြထားပါတယ်။
ဒွန်းနက်စ်ခ်ရှိ ဒရပ်ဇ်ဘာကွင်း၊ မာရီယူပိုနဲ့ မယ်လိတိုပိုလ်ရှိ အားကစားရုံတွေ၊ ဆီဗီယာရိုဒွန်နက်စ်ခ်ရှိ ရေခဲနန်းတော်နဲ့ ခု ဒရပ်ဇ်ကိဗ်ကာရှိ အော်လ်တိုင်းယား အားကစားရုံတွေ ဖျက်ဆီးခံခဲ့ရကြောင်း ပြောထားပါတယ်။
ရုရှားဟာ ၂၀၂၂ ခုနှစ် ဒုတိယနှစ်ဝက်က စစ်မြေပြင်မှာ အရှက်ရစွာ ရှုံးနိမ့်ခဲ့ရပြီးနောက် ယူကရိန်းမြို့တွေကို အစုလိုက်အပြုံလိုက် လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ဆောင်းရာသီမှာ လူသန်းပေါင်းများစွာကို အပူနဲ့စွမ်းအားတွေ ကျဆင်းစေတဲ့ သူ့တိုက်ခိုက်မှုတွေဟာ ကိယက်ဗ်ရဲ့ တိုက်ခိုက်နိုင်စွမ်းကို လျှော့ချဖို့ ရည်ရွယ်ကြောင်း ပြောထားပါတယ်။
ယူကရိန်းကလည်း အဲဒီတိုက်ခိုက်မှုတွေဟာ စစ်ဘက်ပစ်မှတ်တွေမဟုတ်ဘဲ အရပ်သားတွေကို ထိခိုက်စေဖို့ ရည်ရွယ်တာလို့ ပြောဆိုထားပါတယ်။