တဖက်သတ်အပစ်ရပ်စဲရေး ထိန်းသိမ်းမည်ဟု ရုရှားပြော

ယူကရိန်းက အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို ပယ်ချခဲ့ပေမယ့် ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက တဖက်သတ် အပစ်အခတ်ရပ်စဲရေးကို ထိန်းသိမ်းသွားမယ်လို့ ဇန်န၀ါရီလ ၇ ရက်မှာ ပြောပါတယ်။
အရပ်ဘက်နယ်မြေတွေနဲ့ ရုရှားတပ်စခန်းတွေကို ယူကရိန်းတပ်ဖွဲ့တွေက ပစ်ခတ်နေတယ်လို့လည်း စွပ်စွဲထားပြီး ယူကရိန်းတပ်က ပစ်ခတ်တဲ့အချိန်မှာ ရုရှားတပ်ဖွဲ့ဝင်တွေက အမြောက်တွေနဲ့သာ ပြန်ပစ်ခတ်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောခဲ့ပါတယ်။
ရုရှားအစိုးရရဲ့ အပစ်အခတ်ရပ်စဲရေး ကမ်းလှမ်းချက်ကို ယူကရိန်းမှ ပယ်ချခဲ့ပြီး ရုရှားတပ်ဖွဲ့တွေ အနားယူဖို့နဲ့ လက်နက်ပြန်တပ်ဆင်ဖို့ စိတ်ကူးယဉ်ဆန်ဆန် ဖန်တီးထားတဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လှည့်ကွက်အဖြစ် ယူကရိန်းက ပယ်ချခဲ့တာပါ။
ရုရှားအစိုးရက သိမ်းယူထားတဲ့ နယ်မြေကို ပြန်သိမ်းပိုက်ဖို့ ဆက်ကြိုးစားသွားမယ်လို့လည်း ပြောခဲ့ပါတယ်။
ယူကရိန်းနိုင်ငံ ဘတ်ခ်မွတ်မှာတော့ မြို့ရဲ့ လူသူကင်းမဲ့နေတဲ့ လမ်းတွေနားမှာ အမြောက်နဲ့ ပစ်ခတ်မှုတွေ ဇန်နဝါရီ ၇ ရက်နေ့က ရှိခဲ့ပါတယ်။
အရှေ့သြသဒေါ့ခ်စ် ခရစ္စမတ်အတွက် အပစ်အခတ် ရပ်စဲတယ်လို့ ရုရှားအစိုးရက ကြေညာထားပေမယ့် မြို့ကို တိုက်ခိုက်ခဲ့တာပါ။
စစ်မဖြစ်မီက လူဦးရေ ၇၀၀၀၀ နေခဲ့ပြီး ခုတော့ စွန့်ပစ်ခံထားရတဲ့ မြို့ကြီးရဲ့ အပျက်အစီးတွေကြားမှာ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ စေတနာ့ဝန်ထမ်းတွေဟာ လက်ကျန် နေထိုင်နေသူတွေကို ထောက်ပံ့ဖို့ အသက်အန္တရာယ် ကျရောက်နေတဲ့ မြို့တစ်မြို့ဖြစ်လာနေပါတယ်။
ယူကရိန်းသမ္မတ ဇလန်းစကီးက အပစ်အခတ် ရပ်စဲရေး ကမ်းလှမ်းချက်ကို ပယ်ချပေမယ့် ရုရှားသမ္မတ ဗလာဒီမာပူတင်က ညသန်းခေါင်အထိ ၃၆ နာရီကြာ အပစ်အခတ်ရပ်စဲရေးကို ဆက်ထိန်းသိမ်းထားမယ်လို့ ရုရှားအစိုးရက ပြောခဲ့ပါတယ်။
ဘတ်ခ်မွတ်မြို့မှာကြားရတဲ့ ကျည်တွေရဲ့ဇာစ်မြစ်ကို ရိုက်တာသတင်းဌာနက သီးခြား လွတ်လွတ် လပ်လပ် မဖော်ထုတ်နိုင်ခဲ့ပါဘူး။
“အပစ်အခတ်ရပ်စဲရေးရှိနေတယ်လို့ ပူတင်ကပြောတဲ့အခါ ဒါက အပစ်အခတ်ရပ်စဲရေးမရှိနေဘူး၊ မနေ့က ကျနော်တို့ကို အများကြီး ပစ်ခတ်တယ်။ ညဘက်ဆို ပိုအားလျော့ တယ်။ ဒါပေမဲ့ ပုံမှန်အားဖြင့်တော့ တနေ့မှာ ပစ်ခတ်ပြီး နောက်နေ့တော့ ငြိမ်သွားတော့တယ်။လို့ " အသက် ၃၀ အရွယ် လူသားချင်းစာနာမှု စေတနာ့ဝန်ထမ်း ဗာဆေးလ် လီရှင်က ပြောပါတယ်။