close

စလင်းမြို့နယ်က CDM ကျောင်းဆရာ ၁ ဦးနှင့် ပြည်သူ ၁ ဦးကို စစ်ကောင်စီ ဖမ်းဆီး

မကွေးတိုင်း၊ စလင်းမြို့နယ်မှာ ဇန်နဝါရီ ၁၃ ရက် နေလယ်ပိုင်းက CDM ကျောင်းဆရာ တယောက်နဲ့ ဒေသခံပြည်သူ တယောက်ကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

သရက်ကုန်းကျေးရွာက အသက် ၄၃ နှစ်အရွယ် CDM ကျောင်းဆရာ ဦးအောင်ကိုဝင်းနဲ့ အသက် ၃၈ နှစ်အရွယ် ဦးအောင်အောင်တို့ကို မနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်သားအင်အား ၅၀ လောက်က လာဖမ်းသွားတာလို့ သရက်ကုန်းရွာ ဒေသခံတယောက်က ပြောပါတယ်။

“အဲဒီစစ်သားတွေ ဖမ်းတုန်းကတော့ ၃ ယောက်အဖမ်းခံရတာ။ တယောက်ကတော့ လမ်းတဝက် လောက်မှာပြန်လွှတ်ပေးခဲ့လို့ ပြန်လွတ်လာတယ်။ အဖမ်းခံရတဲ့ ၂ ယောက်ကိုတော့ ကန်းပြား ရဲစခန်းဘက်ကို ခေါ်သွားကြတယ်”

ရွာထဲကို ဝင်တဲ့ အချိန်မှာလည်း လမ်းမှာတွေ့တဲ့ လူငယ်တွေကို ရိုက်နှက်ခဲ့ပြီး ဖမ်းဆီးခံရတဲ့ CDM ကျောင်းဆရာနဲ့ ပြည်သူတယောက်ကတော့ လက်ရှိအချိန်ထိ ပြန်မလွှတ်ပေးသေးလို့ စစ်ကြောရေးမှာ ရိုက်နှက်နှိပ်စက်ခံရမှာကို မိသားစုဝင်တွေ စိုးရိမ်နေကြတယ်လို့ ပြောပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁၃ ရက်အထိ နိုင်ငံတဝန်း ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၃၄၉၅ ယောက်ရှိပြီး အဲဒီထဲက ၂၀၅၇ ယောက်ဟာ ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up