close

မကွေးတိုင်းတွင် စစ်ကား ၃ စီးနှင့် ပျူစောထီးစခန်း တိုက်ခိုက်ခံရ

မကွေးတိုင်း ပခုက္ကူခရိုင်၊ ပခုက္ကူ-မြိုင်ကားလမ်းမနားမှာ ဇန်နဝါရီ ၁၃ ရက် မွန်းလွဲ ၁ နာရီ လောက်က စစ်ကား ၃ စီးအား မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ Young Force UG အဖွဲ့က ပြောပါတယ်။ 

ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက မိုင်းဆင်ထားတဲ့ နေရာကို အယောင်ပြ မြားခေါ်ခဲ့ပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာလို့ Young Force UG အဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

"သူတို့ ကားသုံးစီး နဲ့ အင်အားတော့ များတယ်။ ပေါက်ကွဲအားပြင်း မိုင်းလေးလုံးဆွဲ တိုက်ခိုက်ခဲ့တာ။ Mark 2 ကား လေပေါ် မြှောက်တက်သွားတယ်။ ​ သူတို့က လက်နက်ကြီးတွေ နဲ့ တောတွေဘက်ကို ပစ်တယ်။"

Mark 2 ကားက နေရာတင် ထိုးရပ်သွားပြီး ကားပေါ်ပါ စစ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့ပြီး လမ်းသွားလမ်းလာကားတွေကို တားဆီးကာ ဒဏ်ရာရစစ်သားတွေကို ဆေးရုံ ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ထပ်မံပစ်ခတ်တိုက်ခိုက်ဖို့ အစီစဥ်ဆွဲထားပေမယ့် လက်နက်အင်အား၊ လူအင်အား မမျှတာကြောင့် ဆုတ်ခွာခဲ့ရတယ်လို့ ပြောပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်မှာလည်း ဇန်နဝါရီ ၁၃ ရက် ညနေက စစ်ကောင်စီရဲ့ လက်အောက်ခံ ပျူစောထီး စခန်းတခုကို လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ က်ြာဒေသကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။

မြိုင်မြို့နယ် သရက်ကန်ရွာက ပျူစောထီးစခန်းကို ဇန်နဝါရီ ၁၃ ရက် ညနေ ၃ နာရီလောက်မှာ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပျူအထိုင်စခန်းကို ကျရောက်ပေါက်ကွဲပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ စက်ြာဒေသကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ခံ ဗိုလ်စက်ြာက ပြောပါတယ်။

ဒါ့အပြင် အဲဒီပျူစောထီးစခန်းကို ညပိုင်းမှာလည်း ရောကက်တွေနဲ့ ထပ်မံပစ်ခတ်ခဲ့လို့ ထိခိုက် ဒဏ်ရာရသူ များပြားပြီး အဝေးကနေ ပစ်ခတ်ရတာဖြစ်လို့ အရေအတွက် အတိအကျကို အတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။

ပျူစောထီးတွေကလည်း လက်နက်ကြီးတွေနဲ့ ပြန်လည်ပစ်ခတ်ပေမယ့် ရဲဘော်တွေ အထိခိုက် မရှိဘဲ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သိရပါတယ်။

ဖြစ်စဥ်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up