အာဏာသိမ်း တူနီးရှားသမ္မတ ရာထူးကနုတ်ထွက်ရန် ဆန္ဒပြ

တူနီးရှားသမ္မတ ခိုက်ဆာအိရဲ့ အကြွင်းမဲ့နီးပါး အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ သူ ရာထူး ကနေဆင်းပေးဖို့ ဇန်နဝါရီ ၁၄ ရက်မှာ ထောင်နှင့်ချီတဲ့ ဆန္ဒပြသူတွေက တောင်းဆို ဆန္ဒပြခဲ့ကြပါတယ်။
အဓိက ဆန္ဒပြပွဲတွေကျင်းပလေ့ရှိတဲ့ ဗဟိုရိပ်သာလမ်း ဟာဘစ်ဘူဂွေဘာမှာ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ စစ်အစိုးရ ပြုတ်ကျရေး တောင်းဆို ကြွေးကြော်ခဲ့ကြသလို တူနီးရှားအလံတွေကို ဝှေ့ယမ်းခဲ့ကြတယ်လို့ ရိုက်တာသတင်းထောက်က ပြောပါတယ်။
ရိပ်သာလမ်းပေါ်ကို ရောက်ဖို့ ဆန္ဒပြသူ တွေက ရဲတပ်ဖွဲ့နဲ့ သတ္တုအတားအဆီးတွေကို ဖြတ်ကျော်တွန်းလှန်ရာက ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။
အာဏာရှင်ဟောင်း ဇင်း အယ်လ် အဘစ်ဒင်း ဘန်အလီကို ဖြုတ်ချပြီး ၁၂ နှစ်အကြာ ဇန်နဝါရီ ၁၄ ရက်နေ့ကို တူနီးရှားပါတီတွေနဲ့ အရပ်ဘက်လူ့အဖွဲ့အစည်း အများစုက တော်လှန်ရေး နှစ်ပတ်လည်နေ့အဖြစ် ရှုမြင်ကြပါတယ်။