close

ယူကရိန်း နျူးကလီးယားစက်ရုံတွင် IAEA အဖွဲ့တဖွဲ့ ထားရှိမည်

ယူကရိန်းနိုင်ငံက ရိန်းနျူးကလီးယားစက်ရုံမှာ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က အဖွဲ့တဖွဲ့ စဉ်ဆက်မပြတ် ရှိနေမယ်လို့ ကုလသမဂ္ဂ နျူးကလီးယား စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲက ဇန်နဝါရီ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။

နိုင်ငံတကာ အဏုမြူစွမ်းအင်အေဂျင်စီ အကြီးအကဲ ရာဖယ်ဂရောက်ဇီက ရုရှားထိန်းချုပ်ထားတဲ့ ဇာပိုရစ်ချ်ဇီယာ စက်ရုံတဝိုက်မှာ ဘေးကင်းတဲ့ဇုန်အဖြစ်ထားရေး သဘောတူညီချက်အတွက် တိုးတက်မှုရရေး မျှော်လင့်ချက်နဲ့ ယူကရိန်းကို ရောက်နေတာပါ။

သူ့အဖွဲ့ဟာ ရိန်းစက်ရုံရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို စစ်ဆေးမယ်လို့ ဂရောက်ဇီက ပြောပါတယ်။ စစ်ပွဲအတွင်း စက်ရုံကို ဒေသခံဝန်ထမ်းတွေ ဘယ်လိုလည်ပတ်လုပ်ဆောင်ခဲ့တယ် ဆိုတာအတွက်လည်း ချီးကျူးခဲ့ပါတယ်။

လောလောဆယ် အရမ်းခက်ခဲတဲ့ အခြေအနေမှာ ရှိနေတဲ့သူတွေ အားလုံးလိုပဲ ဒီမှာ လည်ပတ်နေတဲ့ ဝန်ထမ်းတွေဟာ အဲဒီအတွက် မှန်ကန်တဲ့ စိတ်ပိုင်းဆိုင်ရာ စိတ်နေသဘောထားရှိဖို့ လိုအပ်တယ်လို့ ဂရောက်ဇီက ပြောပါတယ်။

ယူကရိန်း နျူးကလီးယားထိန်းညှိမှုနဲ့ ဆောင်ရွက်သွားမယ်လို့လည်း သူက စစ်ဆေးရင်း ပြောပါတယ်။

ယူကရိန်းသမ္မတဇလန်းစကီးအပါအဝင် တခြားအရာရှိတွေနဲ့ မြို့တော် ကိယက်ဗ်မှာ တွေ့ဖို့ မျှော်လင့်ထားတယ်၊ ဇာပိုရစ်ချ်ဇီယာ နျူးကလီးယား ဓာတ်အားပေးစက်ရုံ အနီးတဝိုက်ကို ကာကွယ်ရေးဇုန်လုပ်ဖို့ ကြားဝင်ဖျန်ဖြေနေတာ မျှော်လင့်ထားတာထက် ပိုကြာခဲ့တယ်လို့ ဂရောက်ဇီက ဝန်ခံခဲ့ပါတယ်။

ယူကရိန်းရဲ့ နျူးကလီးယားစက်ရုံအားလုံးမှာ နျူးကလီးယားဘေးကင်းရေး ကျွမ်းကျင်သူတွေ စဉ်ဆက်မပြတ်ရှိနေဖို့ အစီအစဉ်တွေကို လတ်တလောမှာ ကြေညာခဲ့ပြီး အကောင်အထည်ဖော်ဖို့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီကစပြီး ယူကရိန်းနိုင်ငံဆီ ၆ ကြိမ်မြောက် သွားခဲ့တာပါ။

ရိန်းနျူးကလီးယားစက်ရုံရဲ့ တောင်ဘက် မိုင် ၂၂၀ အကွာက တောင်ယူကရိန်း ဓာတ်အားပေးစက်ရုံဆီကိုလည်း သွားခဲ့ပါတယ်။ ချာနိုဘိုင်းစက်ရုံတွေဆီကို သွားလည်ဖို့ စီစဉ်ထားပြီး စက်ရုံတခုစီမှာ IAEA ကျွမ်းကျင်သူနှစ်ဦး ပါဝင်တဲ့ အဖွဲ့တဖွဲ့ကို တည်ထောင်ခဲ့ပါတယ်။

ဇာပိုရစ်ချ်ဇီယာမှာ IAEA ရဲ့ ကျွမ်းကျင်သူ လေးဦးအထိ အမြဲတမ်းရှိနေပြီး ခလမ်နစ်စကီ စက်ရုံမှာ အဖွဲ့ဝင်နှစ်ဦးပါတဲ့ အဖွဲ့ကို ထားခွင့်ရဖို့ မျှော်လင့်ထားတယ်လို့ IAEA က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up