အိုကလာဟိုးမားပြည်နယ် ညကောင်းကင်တွင် တောက်ပသည့် ဥက္ကာပျံတွေ့ရှိ

3
အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမားပြည်နယ်၊ တယ်ဆာမြို့က ညကောင်းကင်ယံမှာ တောက်ပတဲ့ မီးလုံးကြီးတစ်ခု ဖြာထွက်နေတဲ့ပုံစံရှိတဲ့ ဥက္ကာပျံတခုကို ဇန်နဝါရီ ၂၁ ရက် မနက်အစောပိုင်းမှာ လုံခြုံရေး ကင်မရာက ရိုက်ကူးခဲ့ပါတယ်။
ဥက္ကာပျံ ဒါမှမဟုတ် 'ကြယ်' ကြွေ နေချိန်မှာ ကောင်းကင်က တောက်ပနေပြီး ဆူညံသံတွေ ကြားနေ ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဥက္ကာပျံက ဘယ်နေရာကို ဆင်းသက်မလဲ ဆိုတာ မပြောနိုင်သေးပါဘူး။ ဥက္ကာပျံဟာ မြေပြင်ပေါ်ကို ကျရောက်တဲ့အခါ ဥက္ကာခဲလို့ ခေါ်ဆိုလေ့ ရှိပါတယ်။