close

သမ္မတဘိုင်ဒင်၏ အိမ်ကို တရားရေးဌာနရှာဖွေ၊ အမျိုးအစားခွဲထားသည့် စာတမ်း ၆ ခုရှာတွေ့

အမေရိကန်တရားရေးဌာနက သမ္မတ ဂျိုးဘိုင်ဒင်ရဲ့ ဝယ်မင်တန်မြို့မှာရှိတဲ့အိမ်ကို ဇန်နဝါရီ ၂၀ ရက်က အသစ်ထပ်ရှာဖွေရာမှာ အမျိုးအစားခွဲထားတဲ့ စာရွက်စာတမ်းခြောက်ခုကို ရှာတွေ့ခဲ့တယ်လို့ သမ္မတရဲ့ ရှေ့နေတဦးက ဇန်နဝါရီ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဘိုင်ဒင်ရဲ့ အမေရိကန်အထက်လွှတ်တော်မှာ ဒဲလာဝဲပြည်နယ် ကိုယ်စားပြုအမတ် သက်တမ်း ၁၉၇၃ ခုနှစ်ကနေ ၂၀၀၉ ခုနှစ်အထိ ရက်စွဲပါတဲ့ စာရွက်စာတမ်းတွေနဲ့ ဆက်စပ်ပစ္စည်း တချို့ကို တွေ့ခဲ့တာလို့ သူ့ရှေ့နေ ဘော့ဘ် ဘောင်ဝါက ပြောခဲ့တာပါ။

တခြားစာရွက်စာတမ်းတွေကတော့ အိုဘားမားအစိုးရလက်ထက် ၂၀၀၉ ခုနှစ်မှ ၂၀၁၇ ခုနှစ်အတွင်း ဒုတိယသမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်တုန်းက စာရွက်စာတမ်းတွေလို့ ဘောင်ဝါက ပြောခဲ့ပါတယ်။

တရားရေးဌာန (DOJ) ဟာ ဘိုင်ဒင်ရဲ့လက်ရေးနဲ့ ရေးထားတဲ့ မှတ်စုတချို့ကိုလည်း ယူခဲ့တယ်လို့ ရှေ့နေက ပြောပါတယ်။

ဒုတိယသမ္မတလက်ထက်က အလားအလာရှိတဲ့ မှတ်တမ်းတွေနဲ့ ဖြစ်နိုင်ခြေရှိတဲ့ အမျိုးအစား ခွဲခြားထားတဲ့ ပစ္စည်းတွေအတွက် အဆောက်အဦတခုလုံးကို DOJ ကရှာဖို့ သမ္မတက သူ့အိမ်ကို ဝင်ခွင့်ပေး ကမ်းလှမ်းခဲ့တာလို့ ဘောင်ဝါက ပြောပါတယ်။ ရှာဖွေမှုအတွင်း ဘိုင်ဒင်နဲ့ သူ့ဇနီးတို့ မပါဘူးလို့ ရှေ့နေက ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up