အိန္ဒိယတွင် လူနေတိုက်ခန်း ပြိုကျ၊ လူ ၁၂ ဦး ကယ်ဆယ်နိုင်

အိန္ဒိယနိုင်ငံမြောက်ပိုင်း လက္ခနောင်းမြို့မှာ လူနေတိုက်ခန်းတခု ပြိုကျပြီးတဲ့နောက် အပျက်အစီးတွေထဲကနေ ကလေးငယ်နှစ်ဦး အပါအဝင် လူ ၁၂ ဦးကို ကယ်ဆယ်ရေးသမားတွေက ကယ်ထုတ်နိုင်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ လူဦးရေအများဆုံး ဥတ္တာပရာဒေ့ရှ်ပြည်နယ် မြို့တော် လက္ခနောင်းမှာရှိတဲ့ ကယ်ဆယ်ရေးလုပ်သားတွေက အပျက်အစီးတွေကို ဖယ်ရှားရှင်းလင်းပြီး လူ ၁၂ ဦးထက်မနည်း ကယ်ထုတ်နိုင်ခဲ့ပေမဲ့ အထဲမှာပိတ်မိနေမှာကို စိုးရိမ်နေကြတယ်လို့ ဒေသဆိုင်ရာ ရဲအရာရှိတဦးက ဇန်နဝါရီ ၂၄ ရက်မှာ ပြောပါတယ်။
ဥတ္တာပရာဒေ့ရှ်ပြည်နယ် ရဲတပ်ဖွဲ့ ညွှန်ကြားရေးမှူးချုပ် DS ချောင်ဟန်က “ကလေးနှစ်ယောက် အပါအဝင် လူ ၁၂ ဦးကို အခုအချိန်အထိ ဖယ်ရှားခဲ့ပြီး သေဆုံးသူ အလောင်းကို ပြန်တွေ့တာမျိုး မရှိသေးပါဘူး။ အဆောက်အအုံပြိုကျချိန်မှာ စုစုပေါင်း လူ ၂၄ ဦး ပိတ်မိနေမှာကို စိုးရိမ်မိတယ်” လို့ အခင်းဖြစ်နေရာနားမှာ သတင်းထောက်တွေကို ပြောပါတယ်။
လူနေတိုက်ခန်းပြိုကျရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့က ချက်ချင်း မှတ်ချက်မပေးသေးပါဘူး။
မြေပြိုကျတဲ့နေရာနားမှာ ဆွေမျိုးတွေက စောင့်နေလို့ လူတွေကိုရှာဖို့ အုတ်ခဲတွေနဲ့ ကွန်ကရစ်တုံးတွေကို စက်ယန္တရားတွေနဲ့ ဖယ်ရှားခဲ့ရပါတယ်။
အိန္ဒိယနိုင်ငံမှာ အထူးသဖြင့် မုတ်သုံမိုးရာသီမှာ အဆောက်အအုံဟောင်းတွေ မကြာခဏ ပြိုကျလေ့ရှိပါတယ်။