close

ဂျာမနီတွင် လေဆိပ်ဝန်ထမ်းများ ဆန္ဒပြမှုကြောင့် လေကြောင်းခရီးစဉ်များ ဖျက်သိမ်းခဲ့ရ

ဂျာမနီနိုင်ငံ ဘာလင် ဘရန်ဒန်ဘာ့ဂ်လေဆိပ်မှာ ဝန်ထမ်း ၆,၀၀၀ လောက်က လစာတိုးပေးဖို့ ဆန္ဒပြ တောင်းဆိုခဲ့ကြတာကြောင့် ဇန်နဝါရီ ၂၅ ရက်နေ့မှာ လေကြောင်းခရီးစဉ် ၃၀၀ လောက်ကို ဖျက်သိမ်းခဲ့ရပြီး ခရီးသည် ၃၅,၀၀၀ နီးပါး ထိခိုက်ခဲ့ရပါတယ်။

ဒီသပိတ်ဟာ ၂၀၁၈ ခုနှစ်နောက်ပိုင်း နိုင်ငံတွင်း ပထမဆုံးအကြိမ် သပိတ်မှောက်မှုဖြစ်ပြီး အလုပ်တွေရပ်နားလိုက်မှုကြောင့် လေယာဉ်ခရီးစဉ် အများအပြား ဖျက်သိမ်းခဲ့ရတာပါ။

“ဂရိနိုင်ငံ အေသင်ကို မနက် ၅ နာရီ ခရီးသွားဖို့ စီစဉ်ထားလို့ မနက်စောစော အိပ်ရာထပြီး ကီလိုမီတာ ၅၀၀ ကားမောင်းလာခဲ့ပေမဲ့ ဒီကိုရောက်မှ လေယာဉ်ခရီးစဉ်အားလုံးကို ဖျက်သိမ်းခဲ့ရတယ်” လို့ လေဆိပ်မှ ခရီးသွားတဦးက ပြောပါတယ်။

အဲဒီနေ့အစောပိုင်းက ဝန်ထမ်းအင်အား ၁,၅၀၀ လောက်ဟာ ဂိတ်ရှေ့မှာ လစာတိုးပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဂျာမန်အလုပ်သမားသမဂ္ဂ Verdi ရဲ့ အဆိုအရ သပိတ်မှောက်မှုကို ဗုဒ္ဓဟူးနေ့ မနက် ၃ နာရီခွဲကနေ တနေကုန်တဲ့အထိ အချိန်သတ်မှတ်ထားကြောင်း သိရပါတယ်။

“ဒီအချိန်မှာ Verdi က စတင်လိုက်တဲ့ သပိတ်ကြောင့် လေဆိပ်မှာရှိတဲ့ ကုမ္ပဏီ အတော်များများ စိတ်ပူသွားကြပြီး အထူးသဖြင့် လုံခြုံရေးတွေ၊ ခရီးသည်တွေအတွက် check-in လုပ်ငန်းစဉ်ကို လုပ်ပေးရတဲ့ မြေပြင်ဝန်ဆောင်မှု ဝန်ထမ်းတွေအပြင် လမ်းကြောင်းရှင်းပေးသူတွေနဲ့ မီးသတ်သမားတွေလည်း စိတ်ပူကုန်ကြတယ်။ ဒါကြောင့် ဒီနေ့ ဘာလေယာဉ်မှ အဆင်းအတက် မရှိပါဘူး” လို့ ဘာလင် ဘရန်ဒန်ဘာ့ဂ်လေဆိပ်ရဲ့ သတင်းပြန်ကြားရေး အရာရှိ ဆာဘီးနဲ ဒခ်ဗက်သ်က ပြောပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
Up