close

ယူကရိန်းကို တင့်ကားပေးမည့် အမေရိကန်ကတိကဝတ်ကို မြောက်ကိုရီးယား ရှုတ်ချ

ယူကရိန်းကို တင့်ကားတွေပေးမယ့် အမေရိကန်ရဲ့ ကတိကဝတ်တွေကို မြောက်ကိုရီးယားက ရှုတ်ချလိုက်ပြီး ၀ါရှင်တန်ဟာ ကြားခံစစ်ပွဲကနေ ဩဇာလွှမ်းမိုးပြီး အနိုင်ယူဖို့ နောက်ထပ် သည်းမခံနိုင်စရာ ကန့်သတ် ချက်ကို ကျော်လွန်လာပြီ လို့ ပြောကြားလိုက်ကြောင်း မြောက်ကိုရီးယားရဲ့ နိုင်ငံပိုင်မီဒီယာ KCNA က ဇန်နဝါရီ ၂၇ ရက် သောကြာနေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

“အမေရိကန်ဟာ ယူကရိန်းကို မြေပြင်ထိုးစစ်အတွက် စစ်လက်နက် ပစ္စည်းကိရိယာတွေ ပံ့ပိုးပေးပြီးတော့ စစ်ပွဲအခြေအနေကို အရှိန်မြှင့်လာတဲ့အပေါ် အလေးအနက် စိုးရိမ်မိကြောင်း ပြောကြားပြီးတော့ ပြင်းပြင်း ထန်ထန်လည်း ရှုတ်ချပါတယ်။” လို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ သြဇာကြီးမားတဲ့ ညီမဖြစ်သူ ကင်ယိုဂျုံက KCNA မှ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ပြောထားပါတယ်။

မြောက်ကိုရီးယားဟာ ရုရှားလိုပဲ အမေရိကန်ကိုဆန့်ကျင်ပြီး ကြံ့ကြံ့ခံ ရပ်တည်သွားမယ်လို့လည်း သူက ဆိုပါတယ်။

ဂျာမနီက ယူကရိန်းကို တိုက်ပွဲဝင်တင့်ကားတွေ ပေးပို့မယ်လို့ ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် အခုသီတင်းပတ်ထဲမှာပဲ အမေရိကန်ကလည်း သူ့ရဲ့အဆင့်မြင့်ဆုံး တိုက်ပွဲဝင်တင့်ကား ၃၁ စီးကို ထောက်ပံ့ ပေးမယ်လို့ ‌ပြောကြားခဲ့တာပါ။

ဒါဟာ ရုရှားရဲ့ ကျူးကျော်မှုကို ခုခံဆန့်ကျင်တဲ့ ယူကရိန်းရဲ့ စစ်ပွဲအတွက် အဓိကအားဖြင့် ထိုးစစ်ဆင်မယ့် ရည်ရွယ်ချက်ရှိတဲ့ လက်နက်တွေကို အနောက်နိုင်ငံတွေရဲ့ ပံ့ပိုးကူညီမှု ဖြစ်ပါတယ်။

Up