close

ဘီးလင်းမြို့က စစ်ကောင်စီအမြောက်တပ် ဒရုန်းဖြင့် တိုက်ခိုက်ခံရ

မွန်ပြည်နယ် ဘီလင်းမြို့နယ်၊ ဇီးဝန်းကျေးရွာနားက  ၃၁၄ အမြောက်တပ်ရင်းကို ဇန်နဝါရီ ၂၇ ရက် ညနေ ၄ နာရီခွဲက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ စစ်တပ်နဲ့ နီးစပ်တဲ့သူတွေက ပြောပါတယ်။

ဒရုန်းအသုံးပြုပြီး ညနေ ၄ နာရီလောက်မှာ ဗုံး ၄ လုံးနဲ့ တကြိမ်၊ ည ၇ နာရီမှာ တကြိမ် ဗုံး ၃ လုံးနဲ့  ကြဲချ တိုက်ခိုက်ခဲ့ရာမှာ ဘောလုံးကစားဖို့ စုဝေးနေတဲ့အချိန်မှာတော့ ထိခိုက်သေဆုံးတာတွေ ရှိနိုင်တယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သူက ပြောပါတယ်။ 

ဒရုန်းနဲ့တိုက်ခိုက်ခံရတာပြီးတာနဲ့ စစ်တပ်က လက်နက်ကြီးတွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

အခုလို တိုက်ခိုက်မှုဖြစ်စဥ်မှာ HRS နဲ့ KNLA တပ်ရင်း၂ တပ်ခွဲ ၃ ပူးပေါင်းအဖွဲ့တွေက အထိအခိုက် တစုံတရာ မရှိခဲ့ဘူးလို့ သိရပါတယ်။

Up