close

အလုပ်ခွင်တွင်း တိုက်ခိုက်ခံရမှုအပေါ် ဘယ်လ်ဂျီယံ မီးသတ်သမားများ ဆန္ဒပြ

ဘယ်လ်ဂျီယံနိုင်ငံမှာ မီးသတ်သမား ၂၅၀ ဟာ သူတို့အလုပ်ခွင်ထဲမှာ တိုက်ခိုက်ခံရတာကို ဆန့်ကျင်ကန့်ကွက်ကြောင်း သိရှိစေဖို့ ဘယ်လ်ဂျီယံ အစိုးရဌာနချုပ် အပြင်ဘက်မှာ ဇန်နဝါရီ ၂၇ ရက်က ဆန္ဒပြခဲ့ကြတယ်လို့ ဘရပ်ဆဲလ် ရဲတပ်ဖွဲ့က ပြောပါတယ်။ 

အစိုးရဝန်ထမ်းများ သမဂ္ဂကိုယ်စားလှယ် Eric Labourdette က သူတို့တွေဟာ ပုံမှန် လုပ်ငန်း တာဝန်တွေကို ထမ်းဆောင်ရာမှာ တမင်သက်သက် ပစ်မှတ်ထား တိုက်ခိုက်ခံရမှု ပိုများလာပြီး  ကျူးလွန်သူတွေကို တရားစွဲဖို့ အာဏာပိုင်တွေကို တောင်းဆိုလိုက်ပါတယ်။ 

ဘရပ်ဆဲလ်နဲ့ ပြင်သစ်ရဲ့ ဆင်ခြေဖုံးဒေသ တချို့ရှိ လုံခြုံရေး အခြေအနေတွေကို တချိန်တည်း တပြိုင်တည်း တာဝန်ယူပေးဖို့လည်း သူက တောင်းဆိုပါတယ်။ 

တချို့လူသိများတဲ့ ရပ်ကွက်နေရာတွေကို သူတို့ဝင်လာတာနဲ့ကို အဆောက်အဦထိပ်ကနေ ဥယျာဉ်သုံး ပစ္စည်းတွေကို ပစ်ချတာမျိုးခံရကြောင်း ပြောပြပါတယ်။ 

စာနယ်ဇင်းတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြထားကြောင်းနဲ့ သူတို့ တိုက်ခိုက်မခံရတဲ့ နေ့ရက်မျိုးကို ဂုဏ်ယူနေရပြီး တိုက်ခိုက်ခံရတဲ့နေ့တွေဆိုလည်း ပုံမှန်ဖြစ်ရပ် လို့ သဘောထားနေရကြောင်းလည်း ပြောပြပါတယ်။ 

လစ်ဘရယ်သမဂ္ဂ ကိုယ်စားလှယ် အဲရစ်ခ် လေ့ဘာဒထ် က မီးသတ်သမားတွေရဲ့ ဘတ်ဂျက်ကို တိုးမြှင့်ပေးဖို့လည်း အစိုးရကို တောင်းဆိုလိုက်ပါတယ်။ ဆန္ဒပြသူတွေဟာ မြို့တော်ရဲ့ သမိုင်းဝင် စင်တာနဲ့ ဥရောပခရိုင်ကြားရှိ လမ်းဆုံလမ်းခွကြားမှာ ခဏတာလောက် ရပ်နားပြီးနောက်မှာ ငြိမ်းချမ်းစွာ လူစုခွဲပြီး ဆန္ဒပြပွဲကို အဆုံးသတ်ခဲ့ပါတယ်။

Up