close

အပြောင်းအရွှေ့မှာ အဆင်မပြေဖြစ်ရတာက မထူးဆန်းကြောင်း အာဆင်နယ်နည်းပြပြော

အပြောင်းအရွှေ့ဈေးကွက်မှာ အဆင်မပြေမှုတွေကြုံတွေ့ရတာက ထူးဆန်းတဲ့ကိစ္စမဟုတ်ဘဲ အဲဒီ အတွက်အဆင်သင့်ပြင်ဆင်ထားဖို့သာလိုအပ်ကြောင်း အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။

နည်းပြအာတီတာဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့မှာ ဘရိုက်တန်ကွင်းလယ်လူ ကိုင်စီဒိုကိုခေါ်ယူဖို့ ပေါင်သန်း ၇၀ အထိပေးခဲ့ပေမဲ့ အဆင်မပြေဖြစ်ခဲ့တာပါ။

အပြောင်းအရွှေ့ဈေးကွက်မှာ အဆင်မပြေဖြစ်ရတာတွေက နားလည်းလက်ခံရမယ့်ကိစ္စတွေဆိုတာ သိထားပြီး အဆင်ပြေအောင်ပဲ လုပ်ဆောင်သွားရမှာဖြစ်ကြောင်း၊ ဂျော်ဂျင်ညိုဟာ ကွင်းလယ်နေရာအတွက် ဦးဆောင်နိုင်မှုရှိသလို အရည်အချင်းရှိတဲ့ ကစားသမားလည်းဖြစ်ကြောင်း နည်းပြအာတီတာက ပြောပါတယ်။

အာဆင်နယ်ဟာ ဒီကနေ့ညနေ ၇ နာရီမှာ အဲဗာတန်အသင်းနဲ့ ကစားသွားရမှာပါ။ အဲဒီပွဲမှာ ကွင်းလယ်လူပါ တေးပါ ဝင်ကစားဖို့က မသေချာသေးပေမယ့် ပါဝင်ကစားနိုင်ဖို့ မျှော်လင့်ကြောင်း နည်းပြ အာတီတာကပြောသွားပါတယ်။ 

Up